1 U/Z

3.1K 49 2
                                        

Uni

"အပိုင်း ၁"

"မောင် အဲကောင်မကို တကယ် တွဲနေတာလား"

နွယ်ကို အရေးမလုပ်သည့် မောင့်ကို နွယ်သည် အတင်းလှုပ်ယမ်းကာ မေးနေမိသည်။ သူမသည် သမုဒယနွယ် ဆိုသော မင်းခညီ၏ ဇနီးသာ ဖြစ်သည်။ မင်းခညီသည် စိတ်ရှုပ်စွာ ကြည့်ပြီး

"ဘာဖြစ်နေတာလဲနွယ်။ ငါနဲ့ ယုယမိုးငယ်က လုပ်ငန်းသဘောအရတွဲဖြစ်နေတာပါလို့ မင်းကို ပြောနေတယ်လေ"

"လုပ်ငန်းသဘောအရ ဟုတ်လားမောင်။ လုပ်ငန်းသဘောအရတွဲတာ ဟုတ်ရဲ့လား။ နွယ် အထင် သူက မောင့် မယားငယ် ဖြစ်နေသလားလို့"

"မင်း အရှက်မရှိ စကားပြောရလား"

မင်းခညီမှာ နွယ် နှုတ်မှ ထွက်ကျလာသည့် မယားငယ်ဆိုသည့် စကားကို ကြားသည့်အခါ မခံချိမခံသာ ဖြစ်၍ နွယ် ကို ပြန်အော်လာသည်။  နွယ်သည်လည်း တင်းမာနေသည့် မျက်နှာကို မော့ချီထားပြီး

"မှန်တာပြောနေလို့ နားထဲ ကန့်လန့်ဝင်သွားတာလား မောင်"

"မင်း မဟုတ်တာ မစွပ်စွဲနဲ့ သမုဒယနွယ်။ မင်း ထင်ရာလိုက်ပြောမနေနဲ့။ ယုယမိုးငယ်မှာ အရှက်သိက္ခာရှိတယ်။ မင်း စကားကို အဆင့်အတန်းရှိရှိပြော"

နွယ်ကို ရန်လိုနေသော မောင့်ကို နွယ်သည် စေ့စေ့ကြည့်ပြီး

"နွယ် အဆင့်အတန်းရှိရှိပြောနေတာပါပဲ မောင်ရယ်။ မောင်ကသာ အိုးမလုံအုံပွင့်ပြီး  ပြဿနာရှာနေသလိုပဲနော်"

နွယ်သည် တစ်စုံတစ်ခုကို သိထားဟန်ဖြင့် စကားဆိုရာ မင်းခညီမှာ စိတ်တွေရှုပ်လာရသည်။ ထိုကြောင့် နွယ်ကို စိတ်ပျက်စွာကြည့်ပြီး

"ငါ အဲဒါကြောင့် အိမ်ကို ပြန်မလာချင်တာပဲ သမုဒယနွယ်။ မင်းရဲ့ စွပ်စွဲမှုတွေ ကြားမှာ မွန်းကြပ်တယ်။ သမီးသာ ရှိမနေရင် အိမ်ပြန်မလာဘူး"

စကားအဆုံးတွင် သူသည် လှည့်ထွက်သွားသည်။ နွယ့်မှာ လှည့်ထွက်သွားသော မောင့် ကျောပြင်ကို ကြည့်ပြီး မဲ့ပြုံးပြုံးလိုက်မိသည်။

"မောင် တစ်သက်လုံးအိမ်ပြန်မလာချင်နေတာ ကျွန်မ မသိဘူးများ ထင်နေသလား မောင်ရယ်"

သံယောဇဥ်နှောင်ကြိုးWhere stories live. Discover now