Cracks in the Moonlight

383 41 11
                                        

Fourth ရဲ့မိဘတွေရောက်လာပြီးနောက် ငါတို့နှစ်ယောက် ဝေးကွာသွားခဲ့သည်။Fourth က အိမ်ထဲကနေကိုမထွက်လာခဲ့ပါ။

ငါ သူတို့အိမ်ကိုသွားခဲ့ပေမဲ့ fourth က အိမ်ကိုထပ်မလာဖို့ပြောခဲ့တာကြောင့် အိမ်ကိုလဲသွားလို့မရပေ။

ငါ fourth ကိုအရမ်းလွမ်းတယ်...
ငါ fourth မရှိဘဲမနေနိုင်ဘူး..

ငါ အခန်းရဲ့ ကုတင်ပေါ်မှာ ထိုင်လိုက်ပြီး fourth ဝယ်ပေးခဲ့တဲ့ လက်ကောက်ကို အခန်းရဲ့ နွေးထွေးမှုနှင့်အတူ ကြည့်နေမိသည်။

အခန်းရဲ့ နွေးထွေးမှု က ငါ့ကို သက်တောင့်သက်သာရှိစေမဲ့အစား fourth ရဲ့ နက်မှောင်နေတဲ့မျက်ဝန်းတွေ၊ ဖူးအိနေတဲ့ fourth ရဲ့နှုတ်ခမ်းတွေကိုသတိရစေသည်။

စီးကျလာတဲ့ မျက်ဝန်းက မျက်ရည်တွေကို ခပ်ပြင်းပြင်း သုတ်ပလိုက်ကာ ငါ အရင်အချိန်တွေကို ပြန်လွမ်းမိသည်။
_____________________________
အတူရှိနေတာ တနှစ်နီးပါးရှိခဲ့ပြီးပေမဲ့ ဘယ်သူမှ ငါတို့ကို မရိပ်မိခဲ့ကြပေ။

လူရှေ့တွင် ငါတို့နှစ်ယောက်က အသိမိတ်ဆွေတွေထပ် ဘာမှမပိုပါဘူးဆိုတဲ့ အကွာအဝေးကိုထိန်းသိမ်းထားသည်။

သို့သော် ငါတို့နှစ်ဦးထဲရှိတဲ့အချိန်များတွင်၊ ငါ့ရဲ့အိမ် ဒါမှမဟုတ် fourth ရဲ့အိမ်မှာ သို့မဟုတ် ငါတို့နှစ်ဦးရဲ့ခိုနားရာ အိမ်ဟောင်းကြီးမှာ ဆိုရင်တော့ ငါတို့ဟာ အရာအားလုံးပါဘဲ။

Fourth က အလုပ်လုပ်နေရင်းသီချင်းဆိုရတာကို သဘောကျသည်။သူ့ရဲ့ အသံက ပျော့ပြောင်းပြီး နူးညံ့သည်။တစ်ခါကြားပြီးတာနဲ့ ထပ်ခါထပ်ခါ ပြန်ကြားချင်မိစေတဲ့ အသံမျိုးဖြစ်သည်။

"ဒီလပြည့်ညမှာ ခများ ကျတော်နဲ့အတူကနိုင်မလား"

Fourth က ပြုံးရင်း တောင်းဆိုလာတဲ့အခါ ငါ့လက်တွေကို fourth ရဲ့ ခါးအထက်မှာချိတ်ဆွဲလိုက်ပြီး ငါ သဘောတူကြောင်းပြောဆိုလိုက်သည်။

အရင်အခါ အိမ်ဟောင်းကြီးမှာ ကပြီးထဲက ငါတို့နှစ်ဦးစိတ်ပါလျှင် ကဖြစ်ကြသည်။အချိန်တွေ နေရာတွေသာချိန်းသွားပေမဲ့ ငါတို့နှစ်ယောက်ရဲ့ ခံစားချက်တွေအပြင် ငါတို့ ကနေကျဖြစ်တဲ့ သီချင်းကအစမပြောင်းလဲသွားပါဘူး။

A Dance Beneath The Full Moon[COMPLETE]Where stories live. Discover now