🍱Chapter 10
ချန်လဲ့၏မျက်နှာ အနည်းငယ်နီရဲသွားသည်။ပထမတုန်းက သူ သူ့ကိုသံသယဖြစ်မိသည်၊သို့ပေမဲ့ ယခု...
ချန်လဲ့က အလျင်အမြန်ပဲ ထိုလူ၏လက်ကိုလွှတ်လိုက်ပြီး လှည့်ကာ ချန်ဟောက်ကိုအဖြစ်အပျက်အားစတင်ရှင်းပြလိုက်သည်။
ချန်ဟောက်က သူ့အစ်ကို၏လက်ဟန်အမူအရာများကိုကြည့်ပြီး ခေါင်းတညိတ်ညိတ်လုပ်နေကာ သူ့မျက်နှာပေါ်မှာ ဒေါသထွက်ဟန်ပေါ်လာသည်။အဘိုးချန်ကလည်း ဒူးထောက်နေသောလူကိုစက်ဆုပ်ရွံရှာစွာကြည့်လိုက်သည်။
ရွာသားများက ချန်လဲ့၏လက်ဟန်အမူအရာကိုနားမလည်ကြသော်လည်း မြေးအဖိုးနှစ်ယောက်၏အမူအရာများကိုနားလည်နိုင်ကြသည်။သူတို့မျက်နှာများ ရုတ်တရတ် လေးနက်လာကြသည်။မူလက ပွဲကြည့်နေကြသော ဝမ်းလီနှင့်ထိုဟူဇီအားမယ်လည်း အမူအရာများပြောင်းသွားကြသည်။
ဒီလူက မကောင်းတာတစ်ခုခုလုပ်ပြီး အဖမ်းခံလိုက်ရတာပဲဖြစ်ရမယ်...အတန်ကြာတွင် ချန်လီကရပ်သွားသည်။
ရွာသာားများက ချန်ဟောက်ကိုကြည့်လိုက်ကြသည်။
ချန်ဟောက်က လှည့်လာကာ ထိုလူကို လက်ညှိုးထိုးပြီး လူတိုင်းကိုပြောလိုက်၏။"ရွာလူကြီးဦးလေးနဲ့ ဦလေးတို့ဦးကြီးတို့ ဒီလူကကျွဲခိုးချင်နေတာလို့ကျွန်တော့်အစ်ကိုကပြောတယ်"
ဘာ...ကျွဲခိုးချင်နေတာ...
ကျွဲ/နွားများက သူတို့၏တန်ဖိုးအရှိဆုံးပိုင်ဆိုင်မှုဖြစ်သည်။ရွာမှာ အိမ်ထောင်စုလေးငါးဆယ်ရှိပြီး ကျွဲ/နွားကစုစုပေါင်းရှစ်ကောင်ပဲရှိသည်။တစ်အိမ်မှာကျွဲ/နွားတစ်ကောင်စီရှိသောမိသားးကြီးသုံးစုမှလွဲ၍ တခြားသူများက ကျွဲ/နွားများကိုစုဝယ်ကြရသည်။စုဝယ်ရန်ပင်မတတ်နိုင်သောမိသားစုများစွာရှိသည်။
ထယ်ထိုး၊ကြိတ်ဆုံဆွဲ၊ပစ္စည်းသယ် အားလုံးကို ကျွဲ/နွားများကိုအားကိုးနေရသည်ကို ဤလူက တကယ်ကြီး ကျွဲခိုးချင်နေသည်။
ရွာသားမျာကဒေါသထွက်ကုန်ကြပြီး ထိုလူကိုစိုက်ကြည့်လိုက်ကြသည်။
"သူကိုအရာရှိဆီခေါ်သွား...ဒီလိုလူတွေက ထောင်ထဲမှာတစ်သက်လုံးနေရသင့်တယ်"

YOU ARE READING
စားဖိုမှူးကြီး၏ ဆွံအနေသောကောလေး
Adventureမူရင်းရေးသားသူမဟုတ်ပါ Unicode Only Update - တစ်ပတ် ၂ပိုင်း IQ Team Tele channel မှာလည်းဖတ်ရှုနိုင်ပါတယ်