Chapter 9

619 89 0
                                    

🍱Chapter 9

  
"အစ်ကို... အဆင်ပြေရဲ့လားအစ်ကို"

ချန်ဟောက်က တတ်နိုင်သမျှ မြန်မြန်ပြေးသွားကာ အမြောက်ဆန်အသေးလေးလိုလူအုပ်ထဲကိုပြေးဝင်သွားပြီး ချန်လဲ့ရှေ့မှာရပ်၍ သူ့အစ်ကိုအနိုင်ကျင့်ခံရမှာစိုး၍ စိုးရိမ်တကြီးမေ့ာကြည့်လိုက်ရင်း အစ်ကိုဖြစ်သူ၏အမူအရာကိုစေ့စေ့စပ်စပ်ကြည့်လေသည်။

သူရောက်လာသည်ကိုမြင်လျှင် ချန်လဲ့၏မျက်လုံးများ အနည်းငယ်တောက်ပလာပြီး ခေါင်းခါပြကာသူအဆင်ပြေကြောင်းပြောသည်။
  
ချန်ဟောက်က စိတ်အေးသွားပြီး ​နောက်လှည့်ကာလူအုပ်ကြီးကိုကြည့်လိုက်သည်။နောက်ဆုံးမှာ သူကမျက်မှောင်ကြုတ်ကာ အသက်လေးဆယ်အရွယ်လူတစ်ယောက်ကိုမေးလိုက်သည်။

"ရွာလူကြီးဦးလေး ဘာဖြစ်တာလဲ"
  
သူ့အစ်ကိုကစကားမပြောနိုင်သဖြင့် တစ်ခုခုကြုံရလျှင် သူမှန်လျှင်ပင် ရှင်းရှင်းလင်းလင်းရှင်းမပြနိုင်ပေ။တခြားသူများကလည်းသူ၏လက်ဟန်ခြေဟန်များကိုနားမလည်သဖြင့် သူချည်းခံရတတ်သည်။ချန်ဟောက်က ထိုသည်ကိုအကြိမ်ပေါင်းများစွာကြုံဖူးသဖြင့် ယခုသူ့အစ်ကိုကိုလူများဝိုင်းသေည်ကိုမြင်ရချိန်မှာ သူအတော်လေး စိတ်ပူနေခြင်းဖြစ်သည်။

ထိုအချိန်မှာ အဘိုးချန်လည်းရောက်လာပြီး လူအုပ်ထဲတိုးဝင်ကာ သူ့မြေးနှစ်ယောက်ရှေ့မှာရပ်ပြီး သူတို့ကိုမသိမသာပိတ်ကာ၍ သူ့ဘေးပတ်ပတ်လည်ကလူများကိုမေးလိုက်သည်။

"ဘာဖြစ်တာလဲ...ဘာလို့အကုန်စုနေကြတာလဲ"
ဘာလို့ ငါ့ရဲ့လဲကောအာကိုဝိုင်းနေကြတာလဲ...
  
မြေးအဖိုးနှစ်ယောက်ရောက်လာည်ကိုမြင်လျှင် တစ်စုံတစ်ယောက်ကပြောလိုက်သည်။
"​ဟေး ချန်ဟောက်နဲ့သူ့အဘိုးရောက်လာပြီ...ငါတို့ ဘာဖြစ်နေမှန်းသိရတော့မယ်"
  
ချန်ညီအစ်ကို၏ဦးလေးဝမ်းလီလည်း ထိုနေရာမှာရှိနေသည်။မနေ့ကချန်လဲ့နှင့်ချန်ဟောက်က သူ့ကိုခက်ခဲအောင်လုပ်ခဲ့သည်ကိုသမှတ်မိနေဆဲဖြစ်သည်။ချန်လဲ့ကိုလူတွေဝိုင်းနေသည်ကိုမြင်လျှင် သူကရှေ့တက်ရန်ရည်ရွယ်ချက်မရှိဘဲ လက်ပိုက်ကာ လူအုပ်အပြင်ကနေပွဲကြည့်နေသည်။
  
ထိုစဥ် အဘိုးအိုနှင့်ချန်ဟောက်ရောက်လာသည်ကိုမြင်လျှင် သူကချက်ချင်းပင် လူအုပ်ထဲတိုးဝင်လာပြီး
အလယ်ကိုလျှောက်လာကာ အဘိုးအိုကိုပြောသည်။
"အဖေရောက်လာပြီပဲ...လဲ့ကောအာက ဘာတွေပြဿနာရှာထားပြန်ပြီလဲမသိပါဘူး"

စားဖိုမှူးကြီး၏ ဆွံအနေသောကောလေး Where stories live. Discover now