Chapter 8

748 79 1
                                    

🍱Chapter 8

"ဝိုး အစ်ကိုကြီးယွီကမိုက်လိုက်တာ...အများကြီးခြွေပြီးသွားပြီ"
ချန်ဟောက် ရောက်လာပြီးခြွေစက်ထဲကစပါးများကိုမြင်လျှင် အံ့ဩတကြီးချီးမွမ်းလိုက်သည်။
  
အဘိုးချန်ကလည်း ချီးမွမ်း၏။
"မဆိုးဘူး...လက်ကောင်းတယ်"
  
ချန်လဲ့က ရေဘူးယူပြီးသူ့အဘိုးအတွက်အရင်ဆုံးတစ်ခွက်ငှဲ့ပေးပြီးမှ ယွီချင်းဇယ်အတွက်ငှဲ့ပေးလာကာ လက်မထောင်ပြီးချီးကျူးလာသည်။
  
ယွီချင်းဇယ် တစ်မိသားစုလုံး၏ချီးကျူးမှုများကြောင့် အနည်းငယ်ရှက်လာသည်။သူ၏ချောမောသောမျက်နှာက ရှားရှားပါးပါးနီလာ​ပြီး သူကလက်ကိုဝှေ့ယမ်းကာဆိုလိုက်သည်။

"ဆက်ပြီးချီးကျူးနေရင် ကျွန်တော်တော့ မြောက်တက်သွားတော့မှာပဲ...မိုးပေါ်ကတိမ်တွေကိုတောင်ခူးနိုင်တော့မယ်"

လူတိုင်းက ရယ်မောလိုက်ကြသည်။လေထုက နွေးထွေးပြီးသဟဇာတဖြစ်နေ၏။
  
ခဏနားပြီးနောက် စပါးစခြွေကြသည်။
  
နေ့လယ်ရောက်ခါနီးမှာ သူတို့ ရှစ်ဂါလန်ဝင်တင်းတောင်းတစ်တောင်းစာလောက်နီးပါးရနေပြီဖြစ်သည်။ထို့ကြောင့် သူတို့ရပ်လိုက်ကြပြီး အိမ်ပြန်နားကာ နေ့လည်စာစားပြီးမှပြန်လာရန်ဆုံး​​ဖြတ်လိုက်ကြသည်။
  
နေကခြစ်ခြစ်တောက်ပူနေသည်။တစ်မနက်ခင်းလုံးပင်ပင်ပန်းပန်းအလုပ်လုပ်ပြီးနောက် သူတို့၏အဝတ်အစားများကရွှဲရွှဲစို​နေပြီဖြစ်ကာ ခေါင်းများလည်းစိုစိနေလေပြီ။
  
ဤအချိန်မှာ ချန်ဟောက် ယွီချင်းဇယ်၏ဆံပင်အတိုကိုအားကျသွားသည်။လျှော်ရလွယ်ကူရုံတင်မကဘူး အရမ်းလည်းမိုက်တယ်...
 
သူတို့ယခင်က ယွီချင်းဇယ်၏ဆံပင်အတိုအကြောင်းသိချင်နေကြပြီးထိုအကြောင်းမေးခဲ့ကြသည်။ယွီချင်းဇယ်ကဆင်ခြေတစ်ခုပြင်ဆင်ထားပြီးဖြစ်ကာ သူ တောင်ပိုင်းကိုမလာခင်က မြောက်ပိုင်းကိုသားမွှေးလာဝယ်သောမြင်းအဖွဲ့နောက်ကို လိုက်ခဲ့သည်။သူ သန်းကူးခံလိုက်ရပြီး ကောင်းကောင်းသန့်ရှင်းရေးမလုပ်နိုင်သဖြင့် တစ်ခေါင်းလုံး ရိတ်ပစ်လိုက်ရသည်။

ရှင်းပြချက်က ယုတ္တိရှိပြီး ကျိုးကြောင်းဆီလျော်ပုံပေါ်သည်။

စားဖိုမှူးကြီး၏ ဆွံအနေသောကောလေး Where stories live. Discover now