Chapter 7

380 52 0
                                    

🍱Chapter 7

  
ချန်လဲ့တို့အိမ်က ရွာ၏အရှေ့ဘက်မှာ တည်ရှိပြီး စပါးခင်းများက ရွာမြောက်ဘက်မှာဖြစ်သည်။စမ်းချောင်းတစ်ခုက စပါးခင်းများနှင့်ရွာကြားမှာခြားထားသည်။
  
ချန်လဲ့ကရှေ့မှာလျှောက်နေပြီး ကျောတွင် ခြွေစက်တစ်ခုကိုလွယ်ထားသည်။သူ့ပုံစံက အလွန်ကိုမှယောကျာ်းဆန်နေ၏။
  
ခြွေစက်ဟုခေါ်ပေမဲ့ တကယ်တမ်းမှာ သစ်သားပြားများဖြင့်ပြုလုပ်ထားသော လေးထောင့်ပုံးခွံတစ်ခုဖြစ်ပြီး 3Dအနားမပြိုင်စတုဂံဇောက်ထိုးတစ်ခုပုံစံဖြစ်ကာ ဘာလှိမ့်တုံးဘာအဖုံးမှမပါပေ။သူတို့ မည်သို့စပါးခြွေကြမည်ကို ယွီချင်းဇယ်အနည်းငယ်သိချင်နေမိသည်။
  
အဘိုးချန်က နောက်ကနေလိုက်ပြီး ရေတစ်ဘူး၊ဆန်ကာတစ်ချပ်ထည့်ထားသောခြင်းတောင်းကိုလွယ်ထားသည်။ခြင်း​တောင်းကလည်း အထူးတလည်ကြီးကြီးလုပ်ထားခြင်းဖြစ်ကာ ချန်လဲ့အတွက်ပြင်ပေးထားမှန်းသိသာသည်။
  
ယွီချင်းဇယ်က ခြေထောက်ဒဏ်ရာကြောင့်လမ်းမြန်မြန်မလျှောက်နိုင်ပေ။ထို့ကြောင့်သူက သစ်သားချိုင်းထောက်နှင့်နောက်က​နေ ဖြည်းညှင်းစွာပဲလိုက်ပြီး ကောင်လေးချန်ဟောက်ကသူနှင့်အတူတူလျှောက်၏။ယွီချင်းဇယ်က ထိုသည်ကိုအခွင့်ကောင်းယူပြီးရွာထဲကအခြေအနေကိုတီးခေါက်ကြည့်လိုက်သည်။

ချန်ဟောက်အနားမှာရှိသဖြင့် သူအများကြီးပိုသိရသည်။
  
ဥပမာ နျိုထုန်ရွာ၏နာမည်က အနောက်ဘက်တောင်က နွားခေါင်းနှင့်တူသောကြောင့်အမည်တွင်ခြင်းဖြစ်ကြောင်းဖြစ်သည်။ယွီချင်းဇယ် စောင်းငဲ့၍ကြည့်ကြည့်လိုက်သည့်အခါ တကယ်တူသည်။
  
ရွာမှာ ယွီနှင့်ချန်ဟူ၍ မျိုးနွယ်နှစ်ခုရှိပဲ
သည်။ယွီမျိုးရိုးအိမ်ထောင်စုကသုံးဆယ်ကျော်ရှိကာအများစုက စမ်းချောင်းနားမှာနေကြသည်။ချန်မျိုးရိုးက အိမ်ထောင်စု16စုပဲရှိကာ စစ်ပွဲအတွင်းမှဤနေရာကိုရွှေ့ပြောင်းလာကြခြင်းဖြစ်ပြီး ရွာ၏အရှေ့စွန်တွင်နေကြသည်။သူတို့နှင့်ယွီမျိုးရိုးများကြားမှာ မီတာတစ်ရာနှစ်ရာလောက်ခြားသည်။

သို့သော်လည်း ဆယ်နှစ်ကျော်ခန့်ကြာသွားပြီဖြစ်၍ ယွီမိသားစုက ချန်မိသားစုနှင့်ရင်းနှီးနေကြပြီဖြစ်ကာ ချန်မိသားစုကိုလက်ခံနေကြပြီဖြစ်သည်။
  
အိမ်အများစုက သက်ကယ်အိမ်များသာဖြစ်နေသေးသည်။နေကျက်ရွှံအုတ်အိမ်နှစ်အိမ်နှင့်အုတ်ကြွပ်မိုးအိမ်တစ်အိမ်ပဲရှိပြီး ယင်းတို့ကိုရွာထဲမှာလူချမ်းသာမိသားစုဟုသတ်မှတ်၍ရလေသည်။
  
ယွီချင်းဇယ်ကအနည်းငယ်သိချင်နေသဖြင့်မေးလိုက်သည်။
  
ချန်ဟောက်က သူ့ကိုရှင်းပြသည်။
"အပြာရောင်အုတ်ကြွပ်မိုးအိမ်ကြီးကို ယွီဝေ့တို့မိသားစု ပိုင်တာလေ...သူ့အဖေက စာသင်သား"

စားဖိုမှူးကြီး၏ ဆွံအနေသောကောလေး Where stories live. Discover now