🍱Chapter 6
"ဘာဖြစ်လို့လဲ"
ယွီချင်းဇယ်က ကောင်လေး၏မျက်နှာပေါ်က အမူအရာကအလွန်ထူးဆန်းနေသည်ကိုတွေ့သဖြင့်မေးလိုက်သည်။
ချန်ဟောက်က သူ့မျက်နှာသူ သုတ်ကာ
ခေါင်းခါ၍ဆိုသည်။
"ဘာမှမဟုတ်ပါဘူး...ဆက်လုပ်လေ"
ကန်းစွန်းဥနွယ်ပင်များကို ပုံမှန်အားဖြင့်ဝက်ကျွေးခြင်းဖြစ်ပြီး သူတို့ စားစရာပြတ်လပ်နေမှသာချက်စားကြခြင်းဖြစ်သည်။ဟိုးယခင်က သူတို့ ကန်စွန်းဥနွယ်ရွက်များကိုမကြာခဏစားခဲ့ပြီး အရသာမှာသိပ်မကောင်းဘဲဝက်စာနီးနီးဖြစ်၏။သို့ပေမဲ့ သူ၎င်းကိုမပြောလိုက်ပါချေ။အမှန်တွင် မုန်လာဥခြောက်များကလည်း အရသာမရှိပေ။ဟင်းရွက်ခင်းထဲမှာ လတ်လတ်ဆတ်ဆတ်ဟင်းသီးဟင်းရွက်များမရှိသည့်အခါ သူတို့မိသားစုက၎င်းကိုမကြာခဏစားရတတ်သည်။ကောင်လေးက မုန်လာဥခြောက်နှင့်ကန်စွန်းနွယ်ရွက်များကိုမကြိုက်ပေ။အိုး ပြီးလျှင် သပွတ်သီးရောဖြစ်သည်။ယင်းက ပျော့စိစိနှင့်ရေအတိုင်းဖြစ်ကာ အရသာကပေါ့ရွှတ်နေသည်။
သို့ပေမဲ့ သူကအလွန်သိတတ်ပြီး သူ့မှာအထွန့်တက်ပိုင်ခွင့်မရှိဟုခံစားရသည်။သူက ဘယ်သောအခါမှ မကြိုက်ကြောင်းဘာကြောင်းမပြောဘဲ သူ့အစ်ကိုချက်သမျှကိုစားလေ့ရှိပြီး အလွန်ကိုမှ ကျွေးမွေးရလွယ်သည်။သို့ပေမဲ့ မကြာမီကန်စွန်းရိုးများကို ကြော်လိုက်ချိန်မှာ သူဆွံ့အသွားခဲ့သည်။ခုနတုန်းကသူမပြောလိုက်မိသည်ကိုဝမ်းသာမိသည်။မဟုတ်လျှင်သူ့မျက်နှာကြီးရောင်ကားနေမှာသေချာ၏။
ယွီချင်းဇယ်ကို မျက်နှာသာပေးရန်အကြံနှင့် ကောင်လေးက ကန်စွန်းရိုးတစ်ဖက်ယူပြီးမြည်းကြည့်လိုက်သည်။သူ မှင်တက်သွားပြီး မယုံနိုင်ဖြစ်၍သွားသည်။အလျင်အမြန်ပဲ နောက်ထပ် ထပ်ယူကာပါးစပ်ထဲထည့်လိုက်သည်။
"ဝါး...အစ်ကိုကြီးယွီ...အရသာရှိတယ်ဗျ"ချန်ဟောက်၏မျက်လုံးများတလက်လက်တောက်ပနေပြီး ရတနာတစ်ခုကိုရှာတွေ့သွားသည့်အတိုင်းပင်။
အစ်ကိုကြီးယွီချက်နေသည်ကို သူတချိန်လုံးကြည့်နေခဲ့မှန်းသိသာပါသည်။သူကဆီ၊ဆားနှင့်ငရုတ်သီးလေးနည်းနည်းလောက်ပဲထည့်ခဲ့သည်ကို ကန်စွန်းရွက်ကြော်၏အရသာက ကောင်းလွန်း၍ဝက်စာနှင့်နည်းနည်းမှမတူတော့ပေ။
အရမ်းအရသာရှိတယ်...
အရင်က ငါလုံးဝမကြိုက်တဲ့ဟာကို အခုလျှာပါမျိုချချင်နေပြီ...
ယွီချင်းဇယ်က ပြုံးကာဆိုသည်။
"ဒါက ဘာမှမဟုတ်ပါဘူး...ကြိုက်တယ်ဆိုတော့ဝမ်းသာပါတယ်...အကုန်လုံးတော့ မစားပစ်နဲ့နော်...အဘိုးနဲ့မင်းအစ်ကိုစားဖို့ချန်လိုက်ဦး"
အကုန်လုံးက အိမ်ချက်ဟင်းလျာများချည်းဖြစ်ကာ အခြေအနေကကန့်သတ်ထားသဖြင့် သူ၏အံ့မခန်းအချက်အပြုတ်စကေးများကို အပြည့်အဝ မပြနိုင်ခဲ့ပေ။စားဖိုမှူးယွီအတွက် ဤသည်ကဘာမှမဟုတ်ပေ။
"အင်းပါ...နောက်တစ်လုတ်လောက်စားလိုက်ဦးမယ်"
ချန်ဟောက်က တိတ်တိတ်လေးနောက်တစ်လုတ်စားလိုက်ပြီး တူများကိုမချချင်ချချင်ဖြင့်ချကာ တိုက်တွန်းလေသည်။

YOU ARE READING
စားဖိုမှူးကြီး၏ ဆွံအနေသောကောလေး
Adventureမူရင်းရေးသားသူမဟုတ်ပါ Unicode Only Update - တစ်ပတ် ၂ပိုင်း IQ Team Tele channel မှာလည်းဖတ်ရှုနိုင်ပါတယ်