Chapter 5

587 76 2
                                    

🍱Chapter 5

  
နောက်တစ်နေ့မနက်ခင်းတွင် မိုးလင်းသည်နှင့် သူနှင့်တစ်ခန်းတည်းအိပ်ကြသည့်အဘိုးချန်နှင့်ချန်ဟောက်တို့ အိပ်ရာထသံကိုကြားလိုက်ရသဖြင့် သူလည်းပဲအလျင်အမြန်ထလိုက်သည်။
  
"ငါ့ကြောင့်နိုးသွားတာလား...စောသေးတယ် ပြန်အိပ်ပြန်အိပ်"
အဘိုးချန်က သူထသည်ကိုမြင်လျှင် ကပျာကယာဆို၏။
  
အိမ်ရှင်မိသားစုက အကုန်လုံးထပြီဖြစ်၍ ယွီချင်းဇယ်ဆက်လှဲနေလျှင်မကောင်းသလိုခံစားရသည်။
  
သူ မနေ့ညက အဘိုးချန်တို့မြေးအဖိုးနှစ်ယောက်ကို ကုတင်ငယ်လေးပေါ်မှာ ထပ်​ပြီးဖျစ်ညစ်အိပ်ခိုင်းရသည်ကိုတကယ်အားနာသဖြင့် သူ ကုတင်ငယ်လေးပေါ်မှာအိပ်ခဲ့သည်။ကုတင်ငယ်လေးက ခုံတန်းရှည်တစ်ခုလောက်သာကျယ်ပြီး အရှည်တစ်မီတာခန့်ပဲရှိပုံရသည်။မြေးအဖိုးနှစ်ယောက် သူသတိလစ်နေသည့်နှစ်ရက်လုံးလုံးထိုပေါ်မှာမည်သို့ဖျစ်ညစ်အိပ်ခဲ့သည်ကို သူစဥ်းစားမရပါချေ။
  
မနေ့ညက သူကောင်းကောင်းအိပ်မပျော်သည်မှာသဘာဝပင်။ပထမအချက်အနေဖြင့် မရင်းနှီးသောပတ်ဝန်းကျင်မှာရောက်နေသည်။သူက ဤကမ္ဘာကိုအခုမှရောက်လာခါစဖြစ်ပြီး သူ၏လောကကြီးအပေါ်အမြင်များ လှုပ်ခါခံလိုက်ရသည်။သူ့စိတ်ထဲမှာ အတွေးများဖြင့် ပြည့်နေပြီး သူ့ကိုယ်သူ အိပ်ပျော်သွားမသွားပင်မသိတော့ဘဲ အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေသလိုခံစားရသည်။

ဒုတိယအနေဖြင့် တကယ်ကိုပူလွန်းပြီး ကုတင်လိုက်ကာများက ဇာလိုက်ကာများမဟုတ်သည့်အတွက် လေဝင်လေထွက်မကောင်းပေ။ထို့အပြင် ခြင်တစ်ကောင်ဝင်လာပြီး မရပ်မနား တဝီဝီလုပ်နေသေးပြန်ကာ ဘယ်နေရာကမှန်းမသိသောတဝီဝီခြင်သံက သူ့ကိုအတော်လေးစိတ်ရှုပ်စေသည်။
  
ယခုအချိန်က နွေလယ်ဖြစ်သည်။ရှေးခေတ်မှာ အဲကွန်းတို့ပန်ကာတို့မရှိသဖြင့် သူကောင်းကောင်း အိပ်ပျော်နိုင်မှထူးဆန်းပေလိမ့်မည်။
  
အဘိုးချန်တို့မြေးအဘိုးတစ်စုကလယ်ကွင်းထဲသွားကာ စပါးရိတ်ကြမည်ကိုသိသွားချိန်မှာ သူ စေတနာအလျောက် ကူပေးချင်ခဲ့သည်။
  
အဘိုးချန်က သူ့ခြေထောက်ကိုတစ်ချက်ကြည့်ကာ ဆိုလာသည်။
"မလုပ်နဲ့...ဒဏ်ရာကိုအရင်ပျောက်အောင်လုပ်...ကူလုပ်ပေးချင်ရင် ပြီးမှရှောင်ဟောက်ကိုစပါးကူလှမ်းပေးလိုက်"

စားဖိုမှူးကြီး၏ ဆွံအနေသောကောလေး Where stories live. Discover now