Chapter 4

439 59 1
                                    

🍱Chapter 4

ချန်လဲ့က ခဏမျှကြက်သေသေသွားပြီးနောက် အလျင်အမြန်ပဲခေါင်းငုံ့ကာမီးဖိုချောင်ဆီလျှောက်သွားလေသည်။ယွီချင်းဇယ်ကလည်း သူ့နှာခေါင်းသူထိကာ အလျင်အမြန်ပဲအကြည့်လွှဲလိုက်သည်။
  
ထိုအချိန်မှာခြံဝင်းတံခါးကဘန်းခနဲပွင့်လာပြီး ကျောမှာခြင်းတောင်းကိုပိုးထားသော အဘိုးအိုတစ်ယောက်ပြေးဝင်လာကာ မေးလေသည်။
"ဝမ်းလီရောက်လာပြန်တာလား"
  
အဘိုးအို၏အသံကိုကြားလျှင် ချန်လဲ့ကရပ်သွားပြီးပြန်လှည့်လာသည်။

​ချန်ဟောက်က အဘိုးအိုကိုမြင်သည်နှင့် ထိန်းထားသောမျက်ရည်များက တန်းလျှံကျလာသည်။သူက သူ့မျက်လုံးများကိုခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်ပြီး ပြေးသွားကာ အဘိုးအိုး၏ခါးကိုဖက်၍ တိုင်တန်းလေတော့သည်။

"အဘိုး ခုနက ဦးလေးက မာကျားရွာကမုဆိုးဖိုအိုကြီးအကြောင်းလာပြောတယ်...သူတို့ မိသားစုချမ်းသာပြီး တင်တောင်းငွေ ဆယ်တေးပေးနိုင်တယ်တဲ့...အဲဒီလူက အရမ်းအသက်ကြီးနေပြီ...ပြီးတာ့သူကအဲလောက်ကောင်းရင် ဘာလို့ဦးလေးကယွဲ့ကောအာကို သူနဲ့မယူခိုင်းလိုက်တာလဲ...အဲဒီလူက မျက်လုံးတောင်မမြင်ရတော့ဘူးတဲ့...သူက သူ့ကို ပြုစုစောင့်ရှောက်ပြီး သူ့အစေခံလုပ်ပေးမဲ့လူတစ်ယောက်ကိုရှာနေတာလို့ကြားတယ်"

ထိုသည်ကိုကြားချိန်မှာ အဘိုးအိုလည်း ဒေါသအပြင်းအထန်ထွက်သွားသည်။သို့ပေမဲ့ဝမ်းလီက ပြန်သွားပြီဖြစ်၍ သူ၏ကြိမ်းမောင်းသံကိုမကြားနိုင်ပေ။သူ သူ၏မြေးနှစ်ယောက်ကိုဆက်ပြီးစိတ်မတိုစေချင်​တော့သဖြင့် သူမြေးများကိုဖက်ပြီး နှစ်သိမ့်ပေးလိုက်သည်။
"သူ့ကိုဂရုမစိုက်နဲ့...ရှောင်လဲ့စိတ်မပူနဲ့နော် အဘိုးရှိရင် သူအဲဒီအကြောင်းကိုစဥ်းတောင်မစဥ်းစားနိုင်စေရဘူး"
  
ချန်လဲ့က ပြုံးကာခေါင်းညိတ်ပြီး မီးဖိုချောင်ထဲဝင်သွားလေသည်။
  
ကောင်လေးချန်ဟောက်က သူ့အဘိုး၏ကတိစကားကိုကြားချိန်မှာ အလိုလိုက်ခံထားရသောကလေးတစ်ယောက်လိုပြုမူပြီး ဒေါသများကိုဖွင့်ထုတ်ကာ အနည်းငယ် မကျေမနပ်ပြောဆိုပြီးနောက် သူ၏ခံစားချက်များတဖြည်းတဖြည်းတည်ငြိမ်သွား၏။သူက သူ့အဘိုး၏အင်္ကျီပေါ်မှာ မျက်ရည်များခိုးသုတ်ပြီးနောက် ရှက်ကိုးရှက်ကန်းနှင့် သူ့အဘိုးကိုလွှတ်ပေးလိုက်ကာ ပြန်ပြေးသွားပြီး  စပါးဆက်ရုတ်နေသည်။
  
သူ့မြေးနှစ်ယောက်ကို ချော့ပြီးနောက်အဘိုးအိုက တံခါးဝမှာရပ်နေသည့်ယွီချင်းဇယ်ကိုကြည့်လိုက်သည်။သူ့သတိရလာပြီဖြစ်သည်ကိုမြင်လျှင် အဘိုးအိုက ချက်ချင်း နှုတ်ဆက်လိုက်၏။
"ဟေး မောင်ရင် သတိရလာပြီလား...မင်းခန္ဓာကိုယ်ကဘယ်လိုနေလဲ"
  
ထိုသည်ကိုမြင်လျှင် ယွီချင်းဇယ်အနည်းသယ်ရှက်ရွံ့သွားသလိုခံစားလိုက်ရသည်။သို့ပေမဲ့ အဘိုးအို၏သဘောထားကအလွန်တည်ငြိမ်နေသည်ကိုမြင်ပြီး သူကပြုံးကာပြောလိုက်သည်။

စားဖိုမှူးကြီး၏ ဆွံအနေသောကောလေး Where stories live. Discover now