Chapter 3

579 78 1
                                    

🍱Chapter 3

ဂေးဖြစ်ရန်မွေးဖွားလာသူတစ်ယောက်
ဖြစ်သော ယွီချင်းဇယ်က "မုဆိုးဖိုအိုကြီးနှင့်လက်ထပ်" ဆိုသောစကားကို ချန်ဟောက်ကပြောသည်ကိုကြားရချိန်မှာ ဤမင်းဆက်ရှိ လူများကပွင့်လင်းမြင်သာမှုရှိကြပြီး လိင်တူဆက်ဆံရေးများကိုလက်ခံနိုင်ကြသည်ဟုထင်ခဲ့သည်။

ဤကမ္ဘာပေါ်က ကွဲပြားခြားနားမှုများကို သူသတိပြုမိခြင်းမရှိသေးပေ။
  
ယွီချင်းဇယ်၏အမြင်အရ ချန်လဲ့က အတော်ငယ်သေးပြီးချောမောသည်။သူလက်ထပ်ချင်လျှင်ပင် အသက်ငါးဆယ်ခြောက်ဆယ်အရွယ် မုဆိုးဖိုအိုကြီးကိုလက်ထပ်လိမ့်မည်မဟုတ်ပေ။သို့ပေမဲ့ ချန်ဟောက်၏အမူအရာအရ အပြင်လူများမသိရသောလျှို့ဝှက်ချက်များစွာရှိနေရပေမည်။
  
"ဟေး မင်းဘာသိလို့လဲ သောက်ကလေး...ငါ့ကိုပိတ်မထားနဲ့...ဘေးဖယ်စမ်း...ကလေးကကလေးနေရာနေလူကြီးကိစ္စထဲဝင်မပါနဲ့...လဲ့ကောအာရေ မြန်မြန်ထွက်လာခဲ့နော်... မင်းအိမ်မှာရှိမှန်းငါသိတယ်..."

သက်လတ်ပိုင်းအရွယ်လူကြီးက ချန်ဟောက်ကို​ငေါက်ပြီးနောက် အသံကုန်အော်လိုက်သည်။အပြင်လူတစ်ယောက်ဖြစ်သောယွီချင်းဇယ်အတွက် ထိုကဲ့သို့သောအရာနှင့်ထိုကဲ့သို့သောမြင်ကွင်းကိုဆက်ကြည့်နေရန်မသင့်တော်ပေ။

သူက ထရပ်ပြီး အခန်းဆီပြန်ရန်ပြင်လိုက်သည်။သို့ပေမဲ့ တစ်ဖက်မှာမူ ချန်ဟောက်က ဒေါသထွက်နေသောကျားသစ်ပေါက်ကလေးပမာဖြစ်နေသည်။သူက သူ့လက်ကိုဆန့်ထုတ်ကာ သက်လတ်ပိုင်းအရွယ်လူကြီးကိုတွန်းထုတ်လိုက်သည်။သူ့အမူအရာ နောက်အခိုက်အတန့်မှာပဲ ပါးစပ်ကိုဟပြီးတစ်စုံတစ်ယောက်ကိုကိုက်တော့မလိုဖြစ်နေသည်။

သက်လတ်ပိုင်းအရွယ်လူကြီးက အငိုက်မိသွားပြီး အတွန်းခံရကာ နှစ်လှမ်းနောက်ဆုတ်လိုက်ရသည်။သူက ဒေါသထွက်လာပြီး ချန်ဟောက်၏လက်မောင်းအ​သေးလေးကိုဖမ်းဆွဲလိုက်သည်။ 

ယွီချင်းဇယ်က ခဏလောက်ကြောင်သွားသည်။ချန်ဟောက်၏အမူအရာကပြင်းထန်လွန်းသည်။တစ်ခုခုဖြစ်မှာစိုး၍ အရေးကြုံလျှင်ကူညီနိုင်အောင်သူရပ်​နေလိုက်သည်။
  
ချန်လဲ့က ဆူညံသံကြား၍ထွက်လာကာ အလျင်အမြန်ရှေ့တက်လာပြီး သူ့ညီကိုဆွဲလေသည်။
  
ချန်ဟောက်က ထိုလူနောက်ကိုလိုက်ချင်(လုပ်ချင်)ပေမဲ့ ချန်လဲ့ကသူ့ကိုလက်တစ်ဖက်တည်းနှင့်ဆွဲထားသည်။သူမရွေ့နိုင်ပေ။သူ သက်လတ်ပိုင်းအရွယ်လူကြီးကို ဒေါသထွက်နေသောမျက်လုံးဝိုင်းဖြင့်စိုက်ကြည့်နေရုံတတ်နိုင်လေသည်။
  
"အမလေး ချန်ဟောက် ဒီကလေးက ကြီးလေလေ ပိုပိုမိုက်ရိုင်းလေလေပါ့လား...လဲ့ကောအာ မင်းရောပဲ သူ့ကို့ ကောင်းကောင်းထိန်းပြီး ဆုံးမသင့်တယ်နော်...သူကရိုင်းစိုင်းလွန်းတယ်...ဘယ်လိုများ ဒီလိုဆက်ဖြစ်နေရတာလဲ"
သက်လတ်ပိုင်းအရွယ်လူကြီက သူ့အင်္ကျီအနားများကိုဆွဲဆန့်ကာ ညီအစ်ကိုနှစ်ယောက်ကိုဆူ​ငေါက်လိုက်သည်။
  
ချန်လဲ့က သူ၏ချစ်လှစွာ​သောညီ အဆူအငေါက်ခံနေရသည့်အတွက် ပျော်မနေပေ။သူ့မျက်နှာကမည်းမှောင်သွားပြီး သက်လတ်ပိုင်းအရွယ်လူကြီးကိုမျက်မှောင်ကြုတ်ကာကြည့်နေသည်။သူ မမေးလျှင်ပင် ထိုလူဘာအတွက်ရောက်လာမှန်းသူသိလေသည်။
  
ချန်လဲ့ မပျော်မရွှင်ဖြစ်နေပုံရသည်ကိုမြင်လျှင် သက်လတ်ပိုင်းအရွယ်လူကြီးက ရယ်မောလိုက်ကာ သူ့အမူအရာကချက်ချင်းပြောင်းသွားသည်။သူက ခပ်တိုးတိုး မေးလိုက်သည်။

စားဖိုမှူးကြီး၏ ဆွံအနေသောကောလေး Where stories live. Discover now