Chapter 2

1.1K 118 2
                                    

🍱Chapter 2

"ဟင် ခင်ဗျားကဒီနေရာကိုမသိဘူးလား...ဒါဆို ဘာလို့ကျွန်တော်တို့အနောက်ဘက်တောင်ရောက်နေတာလဲ..."

ချန်ဟောက်က ယွီချင်းဇယ်ကို မျက်လုံးဝိုင်းကြီးများဖြင့် မျက်တောင်တဖျက်ပ်ဖျပ်ခတ်ကာ ရှင်းပြသည်။

"ကျွန်တောတို့က နျိုထုန်ရွာ ထုန်ရှန်စီရင်စုထဲက...ထုန်ရှန်မြို့ကဒီကနေ ဆယ့်နှစ်မိုင်ဆယ့်သုံးမိုင်လောက်မှာရှိတယ်သိပ်မဝေးဘူး...ခြေလျင်နဲ့ဆိုနာရီဝက်ကျော်လောက်သွားရတယ်"
  
ကောင်လေး၏အဖြေက ယွီချင်းဇယ်၏ခန့်မှန်းချက်တချို့အတည်ပြုပေးလိုက်သည်။သူက အတန်ကြာတိတ်နေပြီးမှ ကောင်လေးနှင့်စကားပြောကာ အချက်အလက်များပိုပြီးချော့ယူလိုက်သည်။
  
ချန်လဲ့ သမားတော်နှင့်ဝင်လာချိန်မှာ ယွီချင်းဇယ်အချက်အလက်အတော်များများကိုရသွားပေပြီ။ ဤသည်ကတာ့ရှန့်ဟူခေါ်သောတိုင်းပြည်ဖြစ်ကာ တည်ထောင်ထားသည်မှာဆယ့်ငါးနှစ်သာရှိသေးသည်။

နျိုထုန်ရွာမှာ အိမ်ထောင်စုလေးငါးဆယ်ခန့်ရှိပြီး ရွာမှာ ယွီနှင့်ချန်ဟူသည့်အဓိကမျိုးနွယ်နှစ်ခုရှိသည်။သူ့ကိုကယ်ခဲ့သည့်ချန်လဲ့တို့ညီအစ်ကိုနှစ်ယောက်၏မိဘများက ချန်ဟောက်နှစ်နှစ်သားအရွယ်မှာဆုံးပါးသွားကြပြီး အိမ်မှာအဘိုးတစ်ယောက်ပဲရှိသည်။
  
ချန်ဟောက်က ငယ်သေးပြီးသူ့ရွာအကြောင်းတချို့တလေပဲသိသည်။ထုန်ရှန့်လိုအလှမ်းဝေးသောနေရာများအတွက်မူ ထုန်ရှန်​မြို့၏အထက်မှာ ယွင်ကျိုးရှိပြီး သူ့အထက်မှာ မြို့တော် ကျင်းချန်ရှိသည်ကိုပဲ သူသိပြီး တခြား ဘာမှမသိပေ။
  
ယွီချင်းဇယ်က အလျင်လိုမနေပေ။သူနောက်ပိုင်းမှ အချက်အလက်များကိုမေး၍ရသည်။လက်ရှိမှာပိုအရေးကြီးသည်က သူ၏အထောက်အထားကို ချန်းလဲ့တို့မိသားစုကိုမည်သို့ရှင်းပြရမလဲဆိုသည်ပင်။
  
ဘယ်နေရာဘယ်ဒေသမှာပဲဖြစ်ဖြစ် မည်သူမည်ဝါမသိရသောလူစိမ်းများက စိုးရိမ်ပူပန်မှုများကိုဖြစ်ပေါ်စေပေလိမ့်မည်။
  
သမားတော်က သူ့ကိုစစ်ဆေးပြီးနောက် ယွီချင်းဇယ်အဆင်ပြေကြောင်းအတည်ပြုပေးကာ နောက်ထပ်ရက်အနည်းငယ်အနားယူပြီးမှ ထွက်သွားရန်အကြံပြုသည်။
  
ယွီချင်းဇယ်က ဘာပြောရမလဲစဥ်းစားနေဆဲဖြစ်ပေမဲ့ညီအစ်ကိုနှစ်ယောက်စလုံးက သူ့ကို ဘယ်ကလာတာလဲတို့ ဒီမှာဘာလုပ်နေတာလဲတို့ မမေးခဲ့ပါချေ။ချန်လဲ့က သမားတော်ပိုလိုက်ပို့ပြီးနောက် သွားချက်ပြုတ်လေသည်။သူကလုံးဝပြန်ဝင်မလာခဲ့ပေ။

စားဖိုမှူးကြီး၏ ဆွံအနေသောကောလေး Where stories live. Discover now