*ဒေါက် ဒေါက် ဒေါက်*
Fourth ရဲ့အိမ်တံခါးကိုခေါက်ကာ ငါ စောင့်နေလိုက်သည်။
"Gemini စောတယ်နော်"
"ကျတော် စျေးတန်းလဲပတ််ချင်လို့ပါ"
"ဖြစ်ပါ့မလား။ ကျတော်တို့ကို တစ်ယောက်ယောက်က..."
"Fourth မင်းစိတ်ပူလွန်နေတာပါ ပုံမှန်လိုဘဲနေကြည့် ဘယ်သူမှသတိထားမိမှာမဟုတ်ဘူး။fourth စိတ်ပူပြီး ဖုံးဖိနေမှ သံသယံဝင်စရာကောင်းမှာ"
"ဟုတ်ပါပြီ ဒါဆိုသွားကြမယ်"
ငါ့စကားကြောင့် fourth က ငါ့ကိုရယ်ပြကာ ငါတို့စထွက်လာခဲ့သည်။
ဒီနေ့က ငါတို့မြို့မှာ ပွဲစျေးကျင်းပမည့်နေ့ပင်။
ငါတို့ ချစ်သူဖြစ်တာ တစ်ပတ်ပြည့်တဲ့နေ့လည်းဖြစ်တာကြောင့် ငါတို့ အတူလျှောက်ပတ်ဖို့ပြင်လိုက်သည်။ပုံမှန်ဆို စိတ်ပူပန်လွန်းတဲ့ fourth ကြောင့် ညနက်ပိုင်းတွေမှာ ချစ်သူ လိုနေခဲ့ပြီး မနက်ဘက်တွေဆို ရင်းနှီးတဲ့သူငယ်ချင်းတွေလိုနေခဲ့ရသည်။
သိပ်လဲမတွေးတဲ့ လူတွေက ငါတို့ကို အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေလို့မြင်ကြပေမဲ့ တချို့လူတွေက ငါတို့ကို တီးတိုးပုတ်ခတ်ပြောဆိုတာတွေတော့ ရှိကြသည်။
ထိုလူတွေကိုတွေ့တိုင်း fourth က ညတိုင်း ငိုလေ့ရှိသည်။Fourth မသိအောင် ထိုလူတွေကို ငါ့မှာ ပြဿနာသွားရှာအမော
အခုလဲ fourth ကြောင့် လူရှင်းချိန် ညဘက်လောက်မှ ပတ်ဖို့စီစဉ်ထားပေမဲ့ fourth နဲ့အတူ မုန့်တွေပတ်စားပြီး အမှတ်တရတွေရှိချင်တဲ့ ငါ့စိတ်ကြောင့် စောပြီးထွက်ခဲ့ကြသည်။
"Fourth စားချင်တာပြောနော် ကျတော်ဝယ်ကျွေးမယ်"
"ကျတော်စားချင်တာထပ် Gemini နဲ့အတူလက်ကောက်လုပ်ချင်တယ်"
"လက်ကောက်လား"
"အင်း အတူတူပတ်ဖို့လေ"
"အတူလုပ်ဖို့တော့ ဒီနားမှာနေရာမရှိလောက်ဘူး"
"အဲ့တာဆို ခများကျတော့်အတွက်တစ်ခုဝယ်ပေး ကျတော် ခများအတွက်ဝယ်ပေးမယ်"

YOU ARE READING
A Dance Beneath The Full Moon[COMPLETE]
Fanfiction"Do you ever wish the world were different?" -Gemini- "I do... but wishing won't change anything" -Fourth- Gemini X Fourth COMPLETE