အပိုင်း(၁၄)

10.8K 577 49
                                    

Unicode

🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
                       🌾အပိုင်း(၁၄)🌾

အရှေ့တောက ကိုနိုင်တို့တဲမှာ ဒီနေ့ ရေတွင်းတူးရှိသဖြင့် အဖေနှင့်အတူ ငြိမ်းဝေ လာကူလုပ်ပေးနေခြင်းဖြစ်သည်။တစ်ခါ၊တစ်ခါ ရေတွင်းတူးဖို့က သူတို့ရွာလေးအတွက် လွယ်ကူမနေ။ထို့ကြောင့် အိမ်တစ်အိမ် ရေတွင်းတူးနိုင်လျှင် အိမ်ဆောက်သည်အလား လာရောက်ကူညီ‌ကြသူများပြားလှသည်။

သူတို့ရွာက ရေတွင်းတူးလျှင် အတော်လေးနက်နက်ထိ တူး‌ရတဲ့ရွာလေးမို့ အနည်းဆုံး ၂ရက်ကနေ ၃ရက်ထိ ကြာလေ့ရှိသည်။တစ်ချို့တွင်းတွေဆို တစ်ပတ်လောက်ထိ ကြာတတ်တာမို့ ထိုအချိန်တွေဆို ရေတွင်းတူးသည့်အိမ်မှ အလှူကြီးပေးနေသည့်အလား ဝက်သား၊အမဲသား၊ဟင်းချိုရည်၊ပဲချဉ်၊ငရုတ်သီးငပိကြော် အစရှိသည်ဖြင့် ကျွေးမွေးတတ်တာမို့ ဆွေမျိုးများအပြင် တခြားခင်မင်ရင်းနှီးသည့်လူတွေကလည်း လာကူညီကြသဖြင့် ပျော်ပွဲရွှင်ပွဲအလားပင်။

မနက်တစ်ပိုင်း တွင်းတူးနေသည့်နေရာမှာ ငြိမ်းဝေ ကူညီပြီးနောက် စိုးလင်းမောင်နှင့်အတူ အနီးက မန်ကျည်းပင်အရိပ်အောက်မှာ လာထိုင်ရင်း အနားယူနေလိုက်သည်။နေခင်းဘက်ကျ နေအရမ်းပူသဖြင့် ခဏနားထားကျကာ နေကျချိန်မှ တစ်ဖန်ပြန်ပြီ ဆက်လုပ်ကြမည်ဖြစ်သည်။

ထန်းတဲဖြစ်သည့်အတွက် ထန်းရည်ချို ၊ထန်းရည်ခါးတင်မက ထန်းလျက်ခဲ၊ဇီးယို၊ဇီးခဲ စသည်ဖြင့် ချကျွေးထားသည်မှာ အစုံအလင်ပင်။ထန်းရည်ခါး မသောက်နိုင်တဲ့သူမို့ ငြိမ်းဝေကတော့ ထန်းရည်အချို ပင်ကျရည်လေးကို ရင်အေးအောင် တစ်ကျိုက်ပြီး တစ်ကျိုက် ခပ်သောက်နေလိုက်သည်။

အသုပ်ကတော့ မြူရွက်သုပ်၊ကုလားပဲရွက်သုပ်၊သင်္ဘောသီးသုပ်နှင့်လက်ဖက်သုပ်ပင်။အသုပ်ပန်းကန်ကတော့ အပျိုလေးများအဖွဲ့ဆီရောက်သွားပြီးကတည်းက ယောင်လို့တောင် သူတို့ဘက်လှည့်မလာတော့သည်မှာ စာမလာအကြောင်းမကြား။

"ဂျမ်းပုံမ‌တို့ ပန်းကန်တွေပါ ဝါးစားလိုက်တာလားဟေ့...”

"ဟုတ်တယ် ကျုပ်တို့ ပန်းကန်တွေပါဝါးစားလိုက်တာ...တကယ်တည်း...ကိုသာအေးတို့ဘက်က ပြန်လာကတည်းက သင်္ဘောသီးသုပ်ဆို အမျှင်လေး ငါးဖက်၊လက်ဖက်သုပ်ဆို အညွန့်လေးတစ်ခုနဲ့ ပဲခြမ်းလေးတစ်ခု၊တခြားအသုပ်တွေကတော့ ပြောမနေပါနဲ့...အဲ့တော့ ကျုပ်တို့က ပန်းကန်ပြားပါ ဝါးစားရတော့တာပေါ့...”

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now