Part 6

432 40 4
                                        


လပ်ဗ်ထွက်ပြေးလာမိသည်။ ဘယ်ဆီကိုရောက်နေမှန်းမသိ၊ ဦးတည်ရာအတည်တကျမရှိသော်လည်း ပြေးနေမိသည်။ ခပ်အေးအေး စကားသံကိုပြန်ကြားမိတိုင်းမျက်ရည်က ဝဲတက်လာသည်။ လပ်ဗ်ကို သတိထားမိမိချင်း အပြစ်ရှိသည်က်ို ဝန်ခံနေမိသလို မျက်ဝန်းတို့ဖြင့်ကြည့်နေခဲ့သည့် အမကိုလည်းစိတ်နာချင်သည်။ စိတ်နာမိသည်။ သို့သော် အပြစ်မတင်ချင်၊ အပြစ်မတင်ရက်ပေ။ ရယ်ဖို့တော့ကောင်းသည်။ ဘယ်သူ့ကိုမဆို ထီမထင်ပြုခဲ့သည့် နတ်ဘုရားမက လူသားမိန်းမတစ်ယောက်ကြောင့် အရူးမီးဝိုင်းမိသည်တဲ့။ ဖခမည်းတော်သာမြင်ရင် စုတ်တသတ်သတ်နှင့် သနားမိမလား၊ "ငါပြောသားပဲ" ဟူသည့် အကြည့်နှင့် မှတ်လောက်အောင် အပြစ်ပေးမည်လား မသဲကွဲ။ သေချာသည်က အချစ်နတ်ဘုရားသည် ဤပွဲတွင် ရှုံးနိမ့်သူသာဖြစ်သည်။
x
"လပ်ဗ် အမ-"

ပြောချင်မိသည့်စကားလုံးများသည် ပန်ဆာ့ လည်ချောင်းထဲတွင်ပင် အရည်ပျော်သွားသည်ထင်သည်။ ကိုယ့်ကိုယ်ကို အပြစ်ရှိသူတစ်ယောက်လို ခံစားမိလိုက်သည်။ ပန်ဆာမှားသွားပြီ ဟု အသိတရားဝင်ချိန်တွင် ထိုကလေးငယ်၏ မျက်ဝန်းတွင် မျက်ရည်တို့သိုင်းနေပြီဖြစ်သည်။ မဆွဲထားနိုင်လိုက်ခင်မှာတင် ထိုကလေးငယ်သည် ပန်ဆာ့အနားမှ ပြေးထွက်သွားပြီပင် ဖြစ်သည်။

ပန်ဆာ မတတ်နိုင်တော့၊ မီးဖိုခန်းကြမ်းပြင်တွင်ပင် ထိုင်ချကာ ciize ကို လှမ်းကြည့်မိသည်။

"ငါ ဘာလုပ်ရမလည်းဟင် ciize"

Ciize ၏သနားစရာသတ္တဝါတစ်ကောင်ကိုကြည့်နေသလို မျက်ဝန်းများကို ပန်ဆာ ရင်မဆိုင်နိုင်။ မျက်လုံးတို့ကိုမှိတ်လျက်သာ ကျလာမည့်မျက်ရည်တို့ကို မျှော်လင့်မိသည်။ သို့သော် မဖြစ်၊ အပြစ်လုပ်မိသူသည် ပန်ဆာဖြစ်သည်။ လပ်ဗ်သည် သူ့ကြောင့် နာကျင်သွားခဲ့ရသည်။အမျိုးသမီးငယ်၏ မျက်ရည်တို့ကို တွေးမိသည့်အခါ ပန်ဆာ သည်းမခံနိုင်။ သူမ၏ခံစားချက်တို့ကို သေချာသွားသည်။ ပန်ဆာသည် ထိုအမျိုးသမီးငယ်ကို ချစ်မိနေပြီပင်ဖြစ်သည်။ ထိုခံစားချက်သည် ကြောက်ဖို့ကောင်းသည်၊ တစ်ချိန်တည်းမှာပင် မိမိချစ်မိနေသောအမျိုးသမီးသည် လပ်ဗ်ဖြစ်နေသည့်အတွက် ဘုရားသခင်ကိုကျေးဇူးတင်မိသည်။

What now? (Milklove myanmar au) Where stories live. Discover now