Unicode
" ဟဲလို မိန်း "
" ဟုတ်ကဲ့ပါဗျ ကိုကို "
" ဘာလုပ်နေလဲ
ထမင်းရောစားပြီးပြီလား "" စားပြီးပြီ ကိုကိုရော ဘာလုပ်နေလဲ
ကျွန်တော့်ဆီပြန်မလာသေးဘူးလား "" လာမှာပေါ့ "
အလုပ်ကိစ္စကတစ်ဖက်နဲ့ကျွန်တော့်မှာ
ချစ်သူကောင်လေးကိုခဏထားခဲ့ရပြန်သည် ။
ဒါတောင် သီပေါမြို့လေးမှာရက်က
ထပ်ကြာသွားခဲ့သေးသည် ။ ချစ်စခင်စမို့လားမသိ
ခဏလေးခွဲနေရတာကို ကျွန်တော့်မှာ
နှစ်ရာချီကြာသွားသလိုပင် ။ လွမ်းတိုင်း
အပြေးတွေ့ဖို့ကလည်းမလွယ် ။ ထွေးပွေ့ဖို့ကလည်း
မလွယ် ။" ကိုကို "
" အင်း "
" ၸႂ်ထိုင် ၶႂ်ႈႁၼ် ( လွမ်းတယ် တွေ့ချင်တယ် )
" မိန်း..... "
" လွမ်းတယ် တွေ့ချင်တယ်လို့ပြောတာပါဗျာ "
ကျွန်တော်နားမလည်တဲ့ရှမ်းစကားကို
ကျွန်တော်သင်ပြီးမှပြောလို့ ခဏခဏပြောလည်း
ဒီကောင်လေးကမရ ။ အနားမှာရှိနေရင်
ခပ်နာနာလေးရိုက်လိုက်ချင်ပေမယ့်
အခုလွမ်းနေရသည်မို့ရှမ်းစကားပြောသံလေးက
အလွမ်းတစ်ဝက်ပြေရသည် ။" ကိုကို ကိုကို့မိဘတွေဘာပြောသေးလဲ "
" ခုထိတော့ဘာမှမပြောသေးဘူး
ကိုကိုတို့အကြောင်းကိုပြောတော့ပြောပြထားပြီ
မိန်းဘက်ကရော "" ကျွန်တော်လိုချင်ရင် ဘယ်အရာကမှ
တားလို့မရဘူးကိုကို
ကျွန်တော့်ဘက်ကို,ကိုကိုစိတ်မပူနဲ့
ကိုကိုသာအဆင်ပြေရင်ရပြီ "" အင်းပါ
မိန်းက သေချာပြီပေါ့ "" ဘာကိုမေးတာလဲ
ကိုကို့ကိုချစ်တယ်ဆိုတာလား "" ဟုတ်တယ်
ကိုကိုတို့တွေ့တာလည်းမကြာသေးဘူး "" မြင်မြင်ချင်းကိုချစ်တာ ကိုကို
တစ်သက်လုံးအတွက်ကိုကိုဆိုတာ
သေချာပြီ "" သူစကားတက်တိုင်း "
" တကယ်ပါဗျ ကိုကို့ဘက်ကအဆင်ပြေရင်
တစ်ခါတည်းလက်ထပ်ပါမယ်ဗျ "
