အချစ်က ငါ့လိုလူအတွက် ဘယ်တော့မှ ရှာဖြစ်မဲ့ အရာမဟုတ်ဘူး။ငါ့အတွက် အဲ့လိုအရာတွေက ဇိမ်ခံပစ္စည်းတွေလို အရာမျိုးပင်။ငါ့လို မျှော်လင့်ချက်တွေနဲ့ ချည်နှောင်ခြင်းခံထားရတဲ့လူတစ်ယောက်ဆီမှာပေါ့။
ဒါပေမဲ့...ဒီညမှာ အရာအားလုံး ပြောင်းလဲသွားခဲ့တယ်။
ငါတို့ ဆက်ဆံရေးရဲ့ စတင်ပုံက သာမန်ပါဘဲ။
မြို့ကြီးက လမ်းမီးတွေနဲ့အတူ တောက်ပနေခဲ့တယ်။
ကုန်သည်တွေရဲ့ ရယ်မောသံတွေနဲ့ လေထုဟာ ပြည့်နှက်နေပြီး စကားဝိုင်းရဲ့ငြီးတွားသံတွေက လမ်းရဲ့ ထောင့်မှာ နေရာယူခဲ့ကြသည်။ငါကတော့ ထိုစကားဝိုင်းတွေကြား ဂရုစိုက်သလို ဟန်ဆောင်ရင်း တိတ်ဆိတ်နေခဲ့သည်။
ဒါပေမဲ့ ငါ ထိုစကားဝိုင်းကနေ မျက်လုံးဝေ့ကြည့်လိုက်ချိန်မှာ ငါ့ ကမ္ဘာကြီး ပြောင်းလဲသွားခဲ့တယ်။
သူက အိမ်ရဲ့တံခါးဘေးမှာရပ်နေပြီး သူ သွားသင့်လား မသွားသင့်လား ဆိုတာကို တွေးတောနေသလို သူ့ရဲ့ အင်္ကျီကိုညှိနေသည်။
လူအုပ်တွေကြားထဲမှာတောင် သူက ထင်းထွက်နေခဲ့တယ်။သူရဲ့ နက်မှောင်နေတဲ့မျက်လုံးဖြင့် ငါတို့ရဲ့ ကျယ်လောင်တဲ့ ရယ်သံတွေကို စကင်ဖတ်နေသလိုကြည့်ပြီး ချီတုံချတုံဖြစ်နေတဲ့ခန္ဓာကိုယ်အမူအယာက လူအုပ်တွေကြောင့် သက်တောင့်သက်သာမရှိတဲ့ သူ့ကိုသူ ဖော်ပြနေသည်။
ငါ သူ့ကိုစိုက်ကြည့်နေဖို့ မရည်ရွယ်ပေမဲ့ ငါ သူ့ဆီကနေ အကြည့်တွေကိုခွါလို့မရခဲ့ဘူး။
သူ့ ဖြစ်တည်မှုက သံလိုက်တစ်ခုလိုဘဲ ဆွဲငင်နေတယ်။နောက်ဆုံးတော့ ငါ့ မျက်လုံးတွေအပြင် ငါ့ ခန္ဓာကိုယ်ဟာလဲ ဆွဲငင်ခံလိုက်ရပြီး သူ့ဆီကို လျှောက်လှမ်းသွားတာကို သတိထားမိခဲ့တယ်။
"မင်းက ဒီမြို့ကိုပြောင်းလာတဲ့ လူသစ်လားဗျ"
နှလုံးခုန်တွေမြန်ဆန်နေပေမဲ့ ငါ့ အသံဟာတည်ငြိမ်နေသောကြောင့် ငါ ခပ်ရေးရေးပြုံးမိသွားသည်။
သူက ငါ့ဘက်ကို လှည့်ကြည့်လာသည်။
"လူသစ်တော့မဟုတ်ပါဘူး။ဒီကိုမလာတာ ကြာသွားလို့ပါဗျ"

YOU ARE READING
A Dance Beneath The Full Moon[COMPLETE]
Fanfiction"Do you ever wish the world were different?" -Gemini- "I do... but wishing won't change anything" -Fourth- Gemini X Fourth COMPLETE