အပိုင်း(၁၃)

12.6K 637 50
                                    

Unicode


🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
                       🌾အပိုင်း(၁၃)🌾

*ဘာပါလိမ့်...အသားလွတ်ကြီး...*
ငြိမ်းဝေ ဟိုဘက်လှည့်သွားသော ထိုလူ့ကို ဘေးတိုက်ကြည့်ရင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။နေရင်းထိုင်ရင်း အဟောက်ခံလိုက်ရတော့ သူဘာများလုပ်မိသွားလို့လဲဆိုတာ ငြိမ်းဝေ သိတောင်မသိလိုက်။ဇာတ်ကားက ကြော်ညာပြနေပြီမို့ ငြိမ်းဝေ စိတ်ထဲမကျေနပ်သော်လည်း တိတ်တဆိတ် ဇီးထုပ်ကိုဖောက်လိုက်ကာ ပါးစပ်ထဲသွပ်လိုက်သည်။

"ငြိမ်းဝေ...ငြိမ်းဝေ..”
ငြိမ်းဝေနှင့်ဘေးကပ်ရပ်မှာထိုင်ကာ ဗီဒီယိုကြည့်နေသည့် ကိုဉာဏ်လင်းထည်ကိုကြည့်ပြီး စိုးလင်းမောင်  ငြိမ်းဝေ လက်ကိုအသာကုတ်လိုက်သည်။

"ဘာလဲကွာ...”

"မင်းဘေးမှာ ကိုဉာဏ်လင်းထည်ကြီး..”

"အေး မြင်တယ်‌လေ အဲ့ဒါဘာဖြစ်...”

"ဟာ မင်းကလည်း ကိုဉာဏ်လင်းထည် မျက်နှာကိုတစ်ချက်ကြည့်လိုက်ဦး မာထန်တည်တင်းနေတာ.. မသိရင် မကျေနပ်တဲ့သူနဲ့ ထိပ်တိုက်တွေ့နေတဲ့ပုံစံမျိုး....”

စိုးလင်းမောင်စကားကြောင့် ငြိမ်းဝေ ဘေးဘက်ကို မသိမသာလှည့်ကြည့်လိုက်သည်။ခုနတုန်းက မာန်မဲသံကြီးကိုပါ နားထဲပြန်ကြားလာတော့ ငြိမ်းဝေမျက်နှာ မဲ့ကျသွားသည်။
*ဒါဆို အဲ့လူ မကျေနပ်နေတာ သူ့ကိုလား*

"ဘေးချင်းကပ်ရပ်သောက်တင်းချမယ်ဆိုရင် နာမည် ထည့်မပြောနဲ့...မင်းဆိုသည်မှာလဲ ဟိုက ကြားပြီး မကျေနပ်လို့ ထထိုးရင် ငါကကြားထဲကခံရဦးမယ်...”

"ဇာတ်ကားသံတွေနဲ့ သူမကြားပါဘူးကွာ...”

" ငါတောင် ဇာတ်ကားကို အာရုံမရတော့ဘူး မင်းပါးစပ်ပိတ်ထားလိုက်တော့ ...”

စိတ်ရှုပ်နေသည့်ဟန်ဖြင့်ထွက်လာသော ငြိမ်းဝေအသံကြောင့် စိုးလင်းမောင် ပါးစပ်ကိုပိတ်ကာ ဇာတ်ကားကိုပဲအာရုံစိုက်လိုက်သည်။နှလုံးသားရေးနှင့်ပတ်သက်ပြီး ရှိတဲ့ အသည်းလေးမကွဲစေဖို့ ကိုဉာဏ်လင်းထည်ကို သူသေချာထောက်လှမ်းမှဖြစ်မှာမို့ မသိမသာ တစ်ချက်တစ်ချက် ခိုးကြည့်လိုက်သည်။
စိမ်းက နောက်မှာ ခုံလေးနှင့်ထိုင်ကြည့်တာမို့ သူတောင် ဇာတ်ကျိုးမတတ်ခဏခဏလှည့်ကြည့်နေမိတာဖြစ်ပြီး ကိုဉာဏ်လင်းထည်ကတော့ တီဗွီဖန်ပြင်ဆီမှ တစ်ချက်လေးတောင် အကြည့်မခွာ‌သွားတာမို့ စိုးလင်းမောင် စိတ်ချလက်ချဖြင့် ဇီးထုပ်ကိုပဲစားနေလိုက်သည်။

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now