ep -9 **

1.1K 63 5
                                        

Warning!!!

(အသက် ၁၈မပြည့်သေးတဲ့ကလေးတွေ မဖတ်ပါနဲ့လို့ပြောလဲ ရှင်တို့က ဖတ်မှာပဲလေ ကျမ တစ်အားကြီး ဆိုးဆိုးရွားရွားတော့မရေးထားတာမို့ ssတွေရိုက်ပြီး ပြန်မတင်ဖို့ ပြောချင်ပါတယ် ကျမတို့ stanတာက idolတွေမို့ respectတော့ထားရမယ်လေ နော်)

"hello ဒီဖုန်းပိုင်ရှင်ရဲ့အသိလား ခင်မျ"

"ဟုတ်ပါတယ် ခင်မျ ဘာကိစ္စများရှိလို့လဲမသိဘူး"

"ဒီဖုန်းပိုင်ရှင် car accidentဖြစ်လို့ လှမ်းအကြောင်းကြားတာပါ အမြန်လာပေးနိုင်မလား ခင်မျ"

Fourth တစ်ယောက် အရာအာလုံးမှောင်မိုက်သွားသလို ခံစားလိုက်ရပြီး ခြေတွေလက်တွေတုန်လာ၏

"ဟယ်လို ပြောတာကြားရလားခင်မျ ဟယ်လို ဟယ်လို"

"......"

Fourth တစ်ယောက် ချက်ချင်းပြန်မပြောနိုင်ဖြစ်နေ၏ သူ့ရည်းစား သူအသက်လောက်ချစ်ရတဲ့သူ့ရည်းစား ချစ်တယ်ဆိုတာကို တစ်အားမဖော်ပြတတ်ပေမယ့် သူဆိုးသမျှသည်းခံ သူအလိုရှိသမျှ ရေဖြစ်စေသော သူ ထိုသူကို သူမချစ်ပဲတော့ ဘယ်နေနိုင်ပါ့မလည်း Fourth တစ်ယောက် ကိုယ့်ကိုယ်ကိုယ် "အလိမ်အညာတွေပဲ " လို့ ပြန်နှစ်သိမ့်ပြီး ထိုသူကို ပြန်ပြောလိုက်၏

"ခင်များတို့ ပေါက်ကရမပြောနဲ့ ကျွန်တော့်ချစ်သူက ဘာကိစ္စ car accidentဖြစ်ရမှာလဲ "

"မယုံတာက ခင်များအပိုင်းပါ ကျွန်တော်က တာဝန်အရ ဖုန်းဆက်ရတာပါ ကျွန်တော် လိပ်စာ ပို့လိုက်ပါ့မယ် ၂နာရီအတွင်းရောက်မလာရင် ကျွန်တော်တို့က အိမ်ခြေမဲ့လို့ သဘောထားပြီး ဇာပနလုပ်ပေးလိုက်ပါ့မယ် ခင်မျ  "

Fourth တစ်ယောက် ဖြေမဆည်နိုင်ဖြစ်နေရလေသည်

"မယုံဘူး ဟုတ်တယ် P' Satangက သေစရာဘာအကြောင်းမှမရှိဘူး ငါချက်ချင်းလိုက်သွားမှဖြစ်မယ်ဆိုပြီး ရောက်လာတဲ့ လိပ်စာအတိုင်း သွားလေသည်"

ကားမောင်းလာရင်း တစ်ဖြည်းဖြည်း‌နဲ့ မြို့ပြင်ကို ရောက်လာ‌၏ မူမမှန်သလို ခံစားရလို့ ကားကို ခနရပ်ပြီး သူ့ကို ဖုန်းခေါ်တဲ့သူကို ဖုန်းပြန်ခေါ်လိုက် မြို့ပြင်ဆိုတော့ လိုင်းသိပ်မမိတာကြောင့် fourth တစ်ယောက် ကားအပြင်ကို ထွက်လာလေသည် ထိုအချိန် သူ့အနောက်က လူတစ်ယောက်က သူ့ကို ပဝါနဲ့ အုပ်ချလိုက်၏ ထို့နောက် အရာအားလုံးဟာ အမှောင်အတိကျသွားပြီး သူလည်း မေ့လဲသွားလေသည်

SHADOW Where stories live. Discover now