Unicode
🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
🌾အပိုင်း(၁၂)🌾ထိုကိစ္စဖြစ်ပြီးကတည်းက ငြိမ်းဝေ ရှက်လွန်းလို့ နေ့ဘက်ဆိုရွာထဲမသွားတော့။အဖေနဲ့ယာထဲလိုက်ချင်လိုက် မဟုတ်လျှင် အိမ်ထဲမှာပဲအချိန်ဖြုန်းနေတတ်သည်။အမေကလည်း လှတောဘက်က ပြန်ရောက်နေပြီဖြစ်သောကြောင့် အမေ့ဆူညံသံလေးကလည်း အိမ်တွင်းတညံညံပင်။
ငြိမ်းဝေတို့သားအဖနှစ်ယောက်ထဲရှိတုန်းက တိတ်ဆိတ်နေသလောက် ခုချိန်တွင်တော့ ဆူသံ ဆဲသံလေးများဖြင့် စည်းကားနေလေ၏။
ညဘက် ဗီဒီယိုသွားမကြည့်ဖြစ်တာကလည်း တစ်ပတ်ရှိပြီမို့ ဒီည သူကြိုက်တဲ့မင်းသမီး အိန္ဒြာကျော်ဇင်နှင့်ဒွေး ဇာတ်ကားဖြစ်သောကြောင့် ငြိမ်းဝေ သွားကြည့်ဖို့ဆုံးဖြတ်လိုက်သည်။အခုတလော သူ့စိတ်ထဲတွင် မရေမရာဖြစ်နေသည့် အကြောင်းအရာတစ်ခုရှိနေသည်။ထိုအရာကိုငြိမ်းဝေစဉ်းစားမိတိုင်း ဘာလို့စဉ်းစားနေတာလဲဆိုသည့် မေးခွန်းကိုပဲ ပြန်ပြန်ရောက်သွားသဖြင့် ခဏလောက် မေ့ထားခြင်းဖြစ်သည်။အမှန်တိုင်းပြောရလျှင် ငြိမ်းဝေက ထိုသို့ တွေးတောနေရသည်ကိုကြိုက်သည့်လူမျိုးမဟုတ်သလို တစ်စုံတစ်ခုကိုအာရုံစိုက်နေရသည့် အလုပ်ကိုပျင်းသည့်လူစားမျိုးပင်။
စိတ်ညစ်စရာမမပြောနဲ့ ငယ်ငယ်က အမေရိုက်လျှင်တောင် ခဏပဲငိုပြီး ပြီးလျှင် အမေ့ထဘီလိုက်ဆွဲပြီး တဟဲဟဲရယ်နေတတ်သည့်သူဖြစ်သောကြောင့် အတွေးများစွာက ငြိမ်းဝေနှင့်မလိုက်ဖတ်ပေ။ထို့ကြောင့် ထိုဘာလဲမသိသေးသည့် အတွေးများကို ငြိမ်းဝေ ခဏလောက် ဘေးဖယ်ထားလိုက်သည်။
"ငြိမ်းဝေရေ ငြိမ်းဝေ...ဒေါ်ဒေါ်ရေ ငြိမ်းဝေရှိလားဗျ...”
"အေး ဘယ်သူလဲ...ရှိတယ်လေ ဝင်ခဲ့...”
"ကျုပ် စိုးလင်းမောင်ရယ်...”
"ဪ...နင့်လူက အပေါ်မှာ ပက်လက်ကြီး နှဖူးပေါ်လက်တင်စက်တော်ခေါ်နေလေရဲ့..”
စိုးလင်းမောင် ဒေါ်ဒေါ့်ကို စပ်ဖြီးဖြီးရယ်ပြရင်း အိမ်ပေါ်အသာတက်လာခဲ့လိုက်သည်။ဘုရားစင်ရှေ့ ပက်လက်ကြီး လှဲကာ အတွေးလွန်နေပုံရသည့် ငြိမ်းဝေက သူရောက်လာသည်ကို သတိထားမိပုံမပေါ်သဖြင့် စိုးလင်းမောင် နောက်ချင်သွားကာ ဖွဖွလေး တက်သွားလိုက်ပြီး ပုဆိုးကိုအားနှင့်ဆွဲချလိုက်ကာ...

YOU ARE READING
စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)
General Fictionလှည်းချောင်းကူးသားလေး နှင့် လှတောသားစပ်ကြားလေးအကြောင်း