*ရုတ်တရက်ဆန်တဲ့အပြောင်းအလဲတွေ*
အလုပ်သင်ကာလည်းပြီးကျောင်းလည်းပြီးပြီဆိုတော့ ထင်တဲ့အတိုင်းပဲလက်ထပ်ပွဲဆိုတဲ့ပြသနာကစလာပြန်ပြီ အစကတော့Hanaကိုငါငြင်းစရာမရှိပေမယ့် ခုတော့အကြောင်းပြချက်ရှိနေပြီ။ငါHanaကိုမချစ်ဘူး။ဒါနဲ့တင်လက်ထပ်ပွဲကိုငြင်းလိုက်ဖို့အကြောင်းပြချက်ဟာလုံလောက်နေပြီမဟုတ်လား။ဒါပေမယ့်ဘာလို့Hanaကငါ့ကိုမငြင်းရတာလဲ ဘာလို့လက်ထပ်ပွဲကိုစိတ်လိုလက်ရခေါင်းငြိမ့်ခဲ့တာလဲ။အမှန်ဆိုငါတို့ဇာတ်လမ်းရဲ့ စ လယ် ဆုံး အကုန်သိထားတာတောင်မှလေ။
ဒီနေ့ ကျွန်မရဲ့လက်ထပ်ပွဲနေ့ ငြင်းဖို့ဆုံးဖြတ်ထားပြီးသားကို ကိုကိုကဘာလို့ဒီလိုစီစဉ်သလဲတော့ငါမသိပါ။ဒီနှစ်တွေအတွင်းမှာလည်း ဒယ်ဒီ့companyသွားပြီးစကားနှိုက်ရ ဒယ်ဒီအလုပ်ခန်းထဲဝင်ပြီးစာရွက်စာတမ်းခိုးရ ဒယ်ဒီအချိန်မတော်ဖုန်းပြောရင်အသံဖမ်းရ ပြီးရင်ကိုကို့ဆီကိုပို့ပေးရနဲ့နောက်ဆုံးနှစ်လည်းဘယ်လိုတောင်ပြီးသွားမှန်းမသိရ။ခန်းမထဲမှာလည်းလူတွေစုံသလောက်ရှိနေပြီ။Noraကတော့ငါ့ကိုစိတ်ဆိုးနေမလားမသိပေမယ့်အခုပြောလို့မဖြစ်သေးဘူး။ကိုကိုရယ်မြန်မြန်လာပါတော့ နည်းနည်းလေးလွဲသွားတာနဲ့ဒယ်ဒီရဲ့အကွက်ကျကျအစီအစဉ်ထဲကို ဝင်သွားတော့မယ်နစ်နာသူသုံးယောက်။
ခဏနေရင်လေယာည်ဆိုက်တော့မည်။အကုန်အကွက်ကျကျစီစဉ်ထားသည်မို့ဘာမှမလွဲဖို့သာမျှော်လင့်ရသည်။မောင်ဒီချိန်ဆိုငိုနေမလား။မောင်နဲ့အချစ်ပြန်ပေါင်းစည်းရမယ့်အချိန်ကမကြာတော့ပါဘူးမောင် အချစ်ကိုယုံပါ။
"သတို့သားGemini Norawit Titicharoenrak သည် သတို့သမီး Hana Nattivit Jirochtikul အားအသက်ထက်ဆုံးတန်ဖိုးထားချစ်မြတ်နိုးစွာပေါင်းသင်းသွားမည်ဟုကတိပြုပါသလား"
"………"
"ကတိပြုပါသလား...သတို့သား"
"မောင်ကအဲ့ကတိမပေးနိုင်လောက်ဘူး ဖာသာ"
"အချစ်"
"ကိုကို"
"Fourth Nattawat "
"သားကြီး"
"ပရော်ဂျက်တာကအသံဖိုင်လေးအရင်ဆုံးအေးဆေးနားထောင်တာပေါ့"

YOU ARE READING
Die With A Smile
Fanfiction"အချစ်က ကျွန်တော်ကို လှလှလေးလှည့်စားရတာကိုသိပ်ကြိုက်တာပဲလား" Gemini♊ "အချစ်က မောင့်ဘဝမှာအမြဲတမ်း တည်ရှိနေမယ့် လွှမ်းမိုးမှုလှလှလေးပါ" Fourth🌻