Part-9

680 63 6
                                        

*ကျန်ခဲ့ရတာသူကပိုနာကျင်ရတယ်ဆိုပေမယ့်
ချန်ခဲ့ရတဲ့သူကကော မနာကျင်ဘူးထင်လား*

အဲ့နေ့ပေါ့ ငါအမုန်းဆုံးနေ့ဒယ်ဒီjapanကပြန်ရောက်ချင်း တွေ့ချင်တယ်ဆိုလို့သွားတွေ့ခဲ့တဲ့နေ့
/////////////////////////////////////////////////////////////////////
Flash Back
"ရောက်လာပြီလား"

"ဒယ်ဒီ ဘာပြောစရာရှိလို့လဲ"

"ဒယ်ဒီမရှိတဲ့တစ်နှစ်အတွင်းမှာ သိပ်ဆိုးနေတဲ့ပေါ့။ဒယ်ဒီသတ်မှတ်ထားတဲ့စည်းမျည်းတွေကျော်လွန်တဲ့အပြင် သိပ်ပျော်စရာကောင်းတဲ့အချစ်ရေးလေးကိုဖန်တီးထားတာပဲ"

"ဒယ်ဒီ!!!!!!!"

"ကျွတ်...ကျွတ်ဘာလို့ဒယ်ဒီကိုခုချိန်ထိလွန်ဆန်နေတာလဲ။"

"ပြောစရာရှိတာမြန်မြန်ပြောပါ။ကျွန်တော်သွားစရာရှိတယ်"

"အိုကေ...ဒါဆိုလိုရင်းပဲပြောကြတာပေါ့။မင်းကတိတည်ရမယ်အချိန်ရောက်ပြီ Fourth"

"ကတိ!!"

"ဧကန္တ မင်းအလယ်တန်းတုန်းကဒယ်ဒီနဲ့ပေးထားတဲ့ကတိကိုမမေ့လောက်ပါဘူးနော်"

ဟုတ်တာပဲ။ငါ့က်ုအခန်းမှာပိတ်လှောင်ထားခဲ့တဲ့အချိန်ကပေါ့ သိပ်ကြောက်နေတဲ့ကလေးငယ်ဟာလွှတ်ပေးဖို့ပဲအကြိမ်ကြိမ်တောင်းဆိုမိသလို ဒယ်ဒီကလည်းငါ့တစ်ဘဝလုံးကို တတ်နိုင်သလောက်အချုပ်အနှောင်တွေဖြေလျော့ပေးမယ် ဒယ်ဒီတက်စေချင်တဲ့စီးပွားရေးသိပ္ပံကိုတက်ရမည့်အစားငါတက်ချင်တဲ့Lawကိုလည်းတက်ခွင့်ပြုမယ်။ဒါပေမယ့် ကျောင်းပြီးတာနဲ့သူပေးတဲ့ လုပ်ငန်းကိုဦးစီးရမယ်တဲ့လေ။အဲ့ကတိကိုအမှောင်ခန်းကလွတ်မြောက်ချင်တဲ့ ကျောင်းသားဘဝတစ်လျှောက်လွတ်လပ်စွာနေချင်တဲ့ ကလေးက ကတိကိုသဘောတူခဲ့တယ်။ဒါပေမယ့် ဘာလို့ဒီအချိန်မှလည်းသိပ်မစောလွန်းနေဘူးလား။

"အလုပ်သင်ကာလလည်းပြီးတော့မယ်မလား။နောက်အပတ်ထဲ ဆွမ်ဇာလန်ကရုံးချုပ်ကိုဦးစီးရမယ်။"

"ဒယ်ဒီ...မမြန်လွန်းဘူးလား။"

"ယောက်ကျားဆိုတာကတိပေးပြီးရင်တည်ရတယ်fourth..ဒယ်ဒီ ဒီလောက်ပြုပြင်ထိန်းကျောင်းထားတာတောင်ယောက်ကျားမပီသသေးဘူးလား။"

Die With A SmileWhere stories live. Discover now