*အချစ်က မောင့်ကိုလှလှလေးလှည့်စားရတာကိုသိပ်ကြိုက်တာပဲလား။လွမ်းလိုက်တာ မောင့်အချစ်ရယ်*
Juneလရဲ့ မိုးစက်တွေကိုငါမုန်းလိုက်တာ။အဲ့ဒီမိုးတွေကြားမှာကျောခိုင်းသွားတဲ့ ကျောပြင်ငယ်လေးကိုခုထိမျက်ဝန်းအိမ်ထဲမှာထင်ထင်ရှားရှားမှတ်မိနေတုန်း။မှတ်မှတ်ရရ ငါတို့2years anniversityပေါ့...
//////////////////////////////////////////////////////
Flash Back..."Happy anniversary ပါမောင့်အချစ်ကလေး"
"မောင်...အချစ်ကိုချစ်သေးလား"
"ချစ်တာပေါ့ အချစ်ရဲ့မနေ့ကထက်ဒီနေ့ပိုချစ်တယ်။"
"အချစ်ကတော့ မောင့်ကိုမချစ်နိုင်တော့ဘူးမောင်"
ငါ့ဘဝကြီးတစ်ခုလုံး အမှောင်ကျသွားသည့်အလား။ငါမကြားချင်ပါ လောကမှာငါမကြားချင်ဆုံးစကား...မနောက်ပါနဲ့လားအချစ်ရယ်။မောင်သေရလိမ့်မယ်။
"အချစ်ရဲ့လက်ဆောင်က မောင့်ကိုsurpriseမဖြစ်ဘူးနော် အချစ်"
"တော်ပါတော့...တော်လိုက်ပါတော့မောင်ရယ်။မောင့်ကိုငါရိုးနေပြီ။"
"မောင်တို့အသစ်ကနေပြန်စကြမယ်လေအချစ်ရဲ့"
"မောင်...ကျေးဇူးပြုပြီးလုပ်ယူနေတာတွေရပ်ပါတော့...ငါ့ကိုလွတ်လပ်ခွင့်ပေးပါတော့"
ဘုရားရေ...အချစ်ကိုငါချုပ်မထားခဲ့သလိုဘယ်တုန်းကမှအနေကျပ်အောင်မလုပ်ခဲ့မိပါဘူး။ချစ်လွန်းလို့ဥထားရုံကလွဲလို့ အချစ်ကလေးကိုမြဲမြဲတွဲထားတဲ့လက်တွေက ဆွဲထားသလိုများဖြစ်သွားလို့လားအချစ်ရယ်။
"မောင်ပြုပြင်ပါ့မယ်အချစ်ရယ်...သက်တမ်းတစ်လျှောက်မောင်ဘယ်ကစမှားသွားတာလဲအချစ်ရယ်"
အချစ်လက်ကိုဆုတ်ကိုင်ရင်းမျက်ရည်များကမထိန်းနိုင်စွာအချစ်ရှေ့မှာရှုံးပွဲကျငိုမိပါသည်။ငါဒီလောက်ထိအားမနည်းခဲ့ဖူးပါ။ထိုအချိန် သံယောဇဉ်တွေကိုမှမထောက် ပြတ်ပြတ်သားသားနဲ့လွှတ်ချသွားတဲ့အချစ်ရဲ့ လက်သေးသေးလေးကိုငါအားကုန်ဆွဲထားမိပါသည်။ဒါပေမယ့် အချစ်ကလေးက သိပ်မွန်းကြပ်နေတယ်ထင်ပါရဲ့အသားကုန်ရုန်းသွားလိုက်တာများ မောင့်မှာတားခွင့်တောင်မရှိတော့ပါလားကွာ။အငြိုးနဲ့ရွာနေတဲ့မိုးတွေကြား တဖြည်းဖြည်းဝေးကွာသွားတဲ့ကျောပြင်ငယ်ဟာ မျက်ဝန်းအိမ်ထဲကမျက်ရည်တွေနဲ့မှုန်ဝါးဝါးသာမြင်ရတော့သည်။အချစ်ရယ် မိုးတိတ်တဲ့ထိတောင်မစောင့်ပဲနဲ့ထွက်သွားလိုက်တာ အအေးပတ်ကာမှဖြင့်မောင်ရင်ပူရချည်ရဲ့...

YOU ARE READING
Die With A Smile
Fanfiction"အချစ်က ကျွန်တော်ကို လှလှလေးလှည့်စားရတာကိုသိပ်ကြိုက်တာပဲလား" Gemini♊ "အချစ်က မောင့်ဘဝမှာအမြဲတမ်း တည်ရှိနေမယ့် လွှမ်းမိုးမှုလှလှလေးပါ" Fourth🌻