Part-7

903 59 6
                                        

*အချစ်နဲ့မောင့်ရဲ့အိမ်ကလေး*

ခပ်အေးလေးလေထုကြားမှာ ငါကတော့သေချာပေါက်မအေးဘူးပေါ့။မောင့်ရင်ခွင်နွေးနွေးလေးထဲကနေပထမဆုံးနိုးထရတဲ့မနက်ခင်းက တစ်လောကလူံးကိုပိုင်ဆိုင်ထားရသည့်အလား ငါ့ရဲ့တစ်ဦးတည်းသောတပ်မက်မှုလေးကိုအပိုင်ရခဲ့ပြီဆိုတဲ့အတွေးနဲ့ မသိမသာလေးနိုးထလာတော့မောင်ကအိပ်နေတုန်းရယ်။နေရောင်နုနုလေးကျရောက်နေတဲ့မောင့်မျက်နှာမှာ အပြစ်ကင်းစင်စွာနဲ့ချောချင်တိုင်းကိုချောနေတော့တာ။ထင်ရှားတဲ့jaw lineနဲ့မျက်နှာသွယ်သွယ်လေးတွေ မျက်စွန်ထောင့်က‌မှည့်လေးတွေကိုအနီးကပ်liveကြည့်နေရတဲ့အတိုင်းပါပဲလား။အဲ့လိုပစ်စလက်ခက် ချောချင်တိုင်းချောလို့ရရိုးလားမောင်။

"အချစ်...မောင့်ကိုကြည့်မဝဖြစ်နေတာလား။"

"ဟင့်အင်း...မဟုတ်ပါဘူးမောင်ကဆိုးလို့ကြည့်နေတာ။"

"အချစ်ကြောင့်လေအဲ့ဒါ...အချစ်ကသိပ်လှတော့မောင်ဆိုးမိသွားတာပေါ့"

"အချစ်...ကိုယ့်အချစ်ကိုချီသွားပေးမယ်နော်"
မောင့်ကောင်းမှုကြောင့် နာကျင်မှူအနည်းငယ်ကျန်နေသေးသည်ကိုမောင်သိသည်။ဒါကြောင့်ရေချိုးတာကအစမောင်အကုန်လိုက်လုပ်ပေးသည်။ပြီးတော့မနက်စာအတူတူစားကြတယ်။ဒယ်ဒီမရှိသည့်အတွက် အိမ်မှာငါကလွတ်ချင်တိုင်းလွတ်နေတဲ့ဌက်လေးသဖွယ်....

"မောင်...စားပြီးရင်ထည့်စရာရှိတာထည့်ထားတော့နော်။အချစ်တို့ဒီနေ့အိမ်ပြောင်းမယ်"

မောင်ကသဘောကျစွာရီသည်။ထို့နောက် နေ့ခင်းလောက်မှာပဲငါတို့အိမ်လေးဆီကိုလာခဲ့ကြသည်။မာမီကိုတော့ စိတ်လွတ်လက်လွတ်နေချင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မောင့်ကိုအဖော်ခေါ်သွားမယ်ဟုပြောကာ အပါ မ လာရခြင်းသာ။မာမီကလည်းတစ်ယောက်တည်းစိတ်မချ၍ မောင့်ကိုထည့်လိုက်ခြင်းသာ။Hanaကတော့ ငါတို့အကြောင်းသိနေပြီမို့ ဘာမှမပြောပေ။ဒီလိုနဲ့အိမ်လေးဆီရောက်တော့ ပစ္စည်းတွေကိုနေရာတကျထားမယ်။

အထီးကျန်နေတဲ့ငါ့ရဲ့အရောင်နုလေးတွေစုနေတဲ့ဗီရိုထဲမှာမောင့်ရဲ့ အရောင်မှိုင်းမှိုင်းလေးတွေဝင်ရောက်လာတယ်။

Die With A SmileWhere stories live. Discover now