အပိုင်း(၁၀)

12.7K 683 40
                                    

Unicode

🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
                       🌾အပိုင်း(၁၀)🌾

တစ်ရွာလုံးနီးပါး ချေးငွေယူကြသဖြင့် ဖြိုးကျော်တို့အုပ်စု ညနေစောင်းသည်အထိ မအားလပ်။မြို့ကအဖွဲ့နဲ့ချိတ်ထားပြီးပြီမို့ ကျန်သည့်ငွေသားက မနက်ဖြန်မနက်ခင်း လာပို့မည်ဖြစ်သောကြောင့် မရသေးသည့်သူ‌တွေကို သပ်သပ်စရင်း ကောက်ထားလိုက်သည်။ရွာကလူတွေက သဘောလည်းကောင်းသလို သိချင်စိတ်လည်းများကြတာမို့ လာမေးကြသည့်လူမှန်သမျှကို ဖြိုးကျော်တို့တစ်ဖွဲ့လုံး စိတ်ရှည်လက်ရှည်ဖြင့် ဖြေပေးကြသည်။

နေ့ခင်းစာကိုသူကြီးအိမ်ပြန်စားဖို့ပြင်ထားပေမယ့် ထမင်းထုပ်လာပို့သွားသော သူကြီးကြောင့် ဒီရွာလေးက ဖြိုးကျော်တို့ထင်ထားသည်ထက် အစစအရာရာပိုအဆင်ပြေနေခဲ့သည်။

ငြိမ်းဝေ ထိုအုပ်စုကို ယာဘောင်ပေါ်ကနေ ထိုင်စောင့်နေရင်း...
"ဟေး ကိုယ့်လူတို့ သိမ်းလို့ပြီးရင် ပြန်ကြမယ်လေ ခဏနေ မှောင်လာတော့မှာဗျို့...”

"ခဏနော် ညီလေး အကိုတို့ပြီးပါပြီ....”

ငြိမ်းဝေ ခေါင်းညိတ်ပြလိုက်ပြီး မျက်စိရှေ့‌မြင်နေရသည့် မြက်ပင်တွေကို ဆွဲနှုတ်နေလိုက်သည်။

"ရပြီ ညီလေး....”

"အွန်း ခင်ဗျားတို့ ဒီညကျုပ်တို့အိမ် အိပ်လိုက်..ညစာအတွက်လည်းစိတ်မပူနဲ့ ..အဖေနဲ့ကျုပ်ပဲရှိတာ ကျုပ်တို့စားသလိုပဲကျွေးမှာ...”

"ရပါတယ်ဗျာ...ထွေထွေထူးထူးတွေမလုပ်ပါနဲ့ အကိုတို့က ဘာပဲဖြစ်ဖြစ် စားတတ်ပါတယ်...”

"အွန်း...ညဘက်ကျရင် ‌ဗီဒီယိုကြည့်ချင်ရင်တော့ ကျုပ်လိုက်ပြပေးမယ်...”

ဖြိုးကျော် စိတ်ဝင်စားသွားကာ...
"ဗီဒီယိုကြည့် ပိတ်ကားကိုပြောတာလား...”

"ပိတ်ကားမဟုတ်ဘူ တီဗွီနဲ့ပြတာလေ...ဒွေးတို့ ကျော်ဟိန်းတို့ အခွေတွေကို တစ်ယောက်တစ်ရာနှုန်းနဲ့ ပြတာ...ပြောသာပြောရတာပါဗျာ...ခင်ဗျားတို့က မြို့ကလူတွေဆိုတော့ တီဗွီတွေက အိမ်တိုင်းရှိကြမှာပဲပေါ့...ကျုပ်မန္တလေးကိုရောက်ဖူးတုန်းက တစ်ချို့ဆိုင်တွေဆို နေ့ဘက်တောင် မီးတွေလင်းထိန်နေရောပဲ...”

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now