*ဝိုင်တွေကြားက ပထမဆုံးအနမ်း*
ငါဒီအိမ်တော်ကိုရောက်တာလနဲ့ချီပြီ ဖြစ်သလိုနေသားလည်းအတော်ကျလာပြီဆိုရမည်။အထူးသဖြင့် အကိုငယ်...အခုနောက်ပိုင်းHanaထက် အကိုငယ်နဲ့ပဲအချိန်တွေပိုသုံးဖြစ်နေသည်။အနေအေးပြီး တသီးတသန့်နေတတ်တဲ့ငါက အကိုငယ်မေဂျာဘက်ကိုအားတိုင်းသွားတယ်။အကိုငယ်အတွက်ဆလပ်သုတ်တွေဝယ်ပေးတယ်။အကိုငယ်အတွက် Blueberryရေခဲမုန့်သည်ဆီမှာတန်းစီပေးတယ်။သူငယ်ချင်းသိပ်မရှိတဲ့ငါက အကိုငယ်ရဲ့သူငယ်ချင်းတွေဖြစ်တဲ့ phi'phuwin,phi'pond,phi'mark တို့နဲ့ရင်းနှီးလာတယ်။အကိုငယ် Barသွားတိုင်းတခါတရံလိုက်သွားဖြစ်တယ်။မလိုက်သွားဘူးဆိုလည်း 12နာရီဝန်းကျင်လောက်ဆိုပြန်ရောက်တတ်တဲ့အကိုငယ်ကိုစောင့်ပြီး အကိုငယ်ပြန်ရောက်ပြီဆိုမှငါစိတ်ချလက်ချ အိပ်ယာဝင်တယ်။အကိုငယ်ကလည်းငါ့အပေါ် သိသိသာသာရင်းနှီးလာပါတယ် ပန်းချီဆွဲချင်ရင်လည်းခေါ်သွားတတ်သလို ဈေးဝယ်ထွက်ရင်လည်းခေါ်သွားတတ်သေးတာ။
အခုလည်းအကိုငယ့်အတွက် ရေခဲမုန့်တန်းစီနေတာပင်...."ရေခဲမုန့်ရပါပြီ သခင်လေး"
"ကျေးဇူးပါ Gem~"
အခုတလော အကိုငယ်ရဲ့ပုံစံက ငါနှင့်အတူရှိနေချိန်တွေဆို ဆယ်ကျော်သက်ကလေးတစ်ယောက်လို တက်ကြွလန်းဆန်းနေတတ်သည်။တခါတရံ မကြိုက်တာလေးများ စနောက်မိရင်နှုတ်ခမ်းဆူပြီးကောက်သေးတာ အဲ့လိုအချိန်တွေဆိုဆွဲမနမ်းမိဖို့တောင် အနိုင်နိုင်ထိန်းရတာအမှန်။"Gem...ဒါပြီးရင်ဈေးဝယ်သွားချင်တယ်။"
"Okဗျာ...ကျွန်တော်မျိုးအားပါတယ် အချိန်တွေအားလုံးသခင်လေးအတွက်ပေးထားပြီးသားပါဗျ"
"Gem........ငါ့ကိုစပြန်ပြီ။ရတယ်မလိုက်ရင်လည်းမလိုက်နဲ့ငါ့ဘာသာသွားမယ်။"
"ဟော...ကြည့်ကောက်ပြီ။အကြီးဖြစ်ပြီးခဏတိုင်းစိတ်ကောက်တယ်နော် အကို..."
"ဘာဖြစ်လဲ အကြီးလဲစိတ်ကောက်ရင်ကောက်မှာပေါ့။မင်းကငါ့ထက်အရပ်ပိုရှည်တယ်လေမင်းပဲအကြီးလုပ် ငါကတော့ကောက်မှာပဲ။"
"ဟော...မင်း တဲ့လား။ဘာလို့Gem လို့မခေါ်တော့တာလဲ။"
"စိတ်ကောက်နေတယ်လေ။နားမလည်ဘူးလားခေါ်ချင်သလိုခေါ်မှာပေါ့။"

YOU ARE READING
Die With A Smile
Fanfiction"အချစ်က ကျွန်တော်ကို လှလှလေးလှည့်စားရတာကိုသိပ်ကြိုက်တာပဲလား" Gemini♊ "အချစ်က မောင့်ဘဝမှာအမြဲတမ်း တည်ရှိနေမယ့် လွှမ်းမိုးမှုလှလှလေးပါ" Fourth🌻