အပိုင်း(၉)

17.3K 868 52
                                        

Unicode

🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
                        🌾အပိုင်း(၉)🌾

စိမ်းလန်းနေသော စိုက်ခင်းတွေကိုကြည့်ပြီး မြို့ကနေ ဆင်းလာသည့် တောင်သူလယ်သမားတွေအတွက်အဓိကဖွဲ့စည်းထားသည့် NFချေးငွေအဖွဲ့သည် အပြုံးပန်းကိုယ်စီဝေဆာ‌နေတော့သည်။တထုတ်ထုတ်မောင်းနှင်နေသည့် ထော်လာဂျီပေါ်မှာ ထိုင်နေသည့် သူတို့အဖွဲ့မှာ စုစုပေါင်းလူ၅ယောက်ပါဝင်လေသည်။ဒီတစ်ခေါက် သူတို့အလှည့်ကျရောက်လာသည့်ရွာလေးက အလွန်ကိုသာယာလှပပြီး တိတ်ဆိတ်သည့်အရပ်မှာရှိသော လှည်းချောင်းကူးဆိုသည့် ရွာလေးပင်။

ရွာ၏အနေအထားက အိမ်ခြေ၅၀ကျော်လောက်သာရှိပေမယ့် တောထဲကိုဖြန့်နေနေကြတာမို့ စုစုပေါင်းလိုက်လျှင် ပုံမှန်ရွာတစ်ရွာနီးပါးကြီးလေသည်။ရွာခံပြောပြသည့်အတိုင်းသာဆိုလျှင် အရှေ့တော၊အနောက်တောနှင့်မြောက်တောဟူ၍ ရွာအပြင်မှာ သပ်သပ်နေကြသူများရှိပြီး ထိုသူများက ယာတွေအများကြီးပိုင်ကြတာမို့ ရွာထဲအရင်သွားကြတာပိုကောင်းသည်ဟုဆိုသဖြင့် ရွာဘက်ကိုသူတို့ဦးတည်နေကြခြင်းလည်းဖြစ်သည်။

ဒီရွာပြီးလျှင် တခြားရွာတွေကို နေ့တွင်းချင်း ဒါမှမဟုတ် နောက်ရက်ကျဆက်ရဦးမှာဖြစ်သည့်အတွက် တစ်ဖွဲ့လုံး အားအပြည့်ဖြည့်တင်းလာကြတာဖြစ်သည်။မြို့‌နှင့်နီးသည့်ရွာတွေလိုမဟုတ်ဘဲ ဖွံ့ဖြိုးတိုးတက်မှုနည်းသော ဒီရွာလေး၏ မနက်ခင်းက မြို့ပြထက်ပိုပြီး အပန်းပြေစေသည်။

ယာကွင်းတွေအသီးသီးမှ မော့ကြည့်လာသော လုံမေပျိုလေးများ၏ စူးစမ်းဟန်အကြည့်များကြောင့် ဖြိုးကျော်တို့အဖွဲ့လက်ပြနှုတ်ဆက်လိုက်တော့ ပြန်လှန်လက်ပြနှုတ်ဆက်သူများထံမှာ ရှက်ပြုံးလေးများက တစ်ပါတည်းပါလာတော့သည်။

ရွာခံဖြစ်သည့် ကိုမင်းဦးက ချေးငွေအဖွဲ့က လူငယ်တွေကိုကြည့်ပြီး...
“လှည်းချောင်းကူးရွာလေးက ခေါင်ပြီး အိမ်ခြေသိပ်မရှိပေမယ့် နေပျော်စရာကောင်းတယ်...ရွာသူ၊ရွာသားတွေအကုန်လုံးကလည်း ရိုးသားပြီး ပွင့်လင်းကြတယ်...‌မင်းတို့ ကြိုက်တဲ့အိမ်ဝင်တည်းပြီး ကြိုက်တဲ့အိမ်မှာ စားလို့ရတယ်...အသား၊ငါးတွေမချက်ပြုတ်ကျွေးနိုင်ပေမယ့် ရှိတာလေးနဲ့ဖွယ်ဖွယ်ရာရာချက်ပြုတ်ပေးကြမှာ...”

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now