အခန်း (၂၆)

9.4K 147 14
                                        

ဖြူ နောက်ဆုံးတော့ သူမကိုယ်တိုင် တောင်းတောင်းပန်ပန်နဲ့ ဝင်လာရတဲ့ အိမ်ကို၊ ကြင်ကြင်နာနာနဲ့ ပြန်ခေါ်လာရခံပြန်ပြီ...

သူမဘေးက နှင်းဆီက ယောင်းမဖြစ်သူကို ကြည့်ပြီး တစ်ချက်ပြုံးလိုက်သည်။ အမှန်အတိုင်းပြောရရင် ကိုအဏ္ဏဝါက ဒီမိန်းကလေးကို စိတ်ဝင်စားနေမှာ စိုးရိမ်မိနေတာ... ကိုအဏ္ဏဝါလို လူမျိုးက သူလိုချင်တာကို မရရအောင် ယူတတ်တဲ့ သူမှန် သူမသိနေတာကြောင့်ပင်။ ဟုတ်တယ်လေ သူမ ယောင်းမက သူ့အစ်မနဲ့ ချွတ်ပြီးစွပ်ထားသလို တူနေတာကို...

နှင်းဆီအတွေးတွေက ကိုကို သူမကို ကားပေါ်က ဆင်းဖို့ အချက်ပေးလိုက်တဲ့ အခါမှာ ရပ်တန့်သွားတော့သည်။

"ဖွားမြေးလေး လာပါဦး"

မာန် သူ့မြေးကို သဲသဲလှုပ်ပြနေတဲ့ အမေ့ကို ကြည့်ပြီး ခပ်ဖွဖွလေး ရယ်လိုက်မိသည်။သူ့ဘေးမှာ ဖြူကလည်း ရပ်ပြီး‌ကြည့်နေတာကို မာန် မြင်လိုက်ရတော့ ဟိုနေ့က အကြောင်းအရာကို ပြန်စဉ်းစားမိသွားသည်။

"အဲ့အဖြေကို မင်းသိပါတယ်။ ကိုယ့်အနေနဲ့ မင်းကို သမီးလေးရဲ့ အမေတစ်ယောက်အဖြစ်၊ ကိုယ့်ရဲ့ သူငယ်ချင်း၊ ဘဝလက်တွဲဖော်တစ်ယောက်အနေနဲ့ ချစ်ပါတယ်"

ဖြူ သူမကို မျက်လုံးထောင့်လေးကနေ ကြည့်လာတဲ့ သူ့အကြည့်တွေကို ခံစားမိပေမဲ့ မျကိကွယ်ပြုထားလိုက်သည်။ သူပြောတာက အမှားအယွင်းမရှိပေမဲ့ သူမအနေနဲ့ကတော့ ခံစားရတယ်ဆိုတာ မပြောလည်း သိနေမှာပင်...

သူနဲ့ ထိုမိန်းကလေးရဲ့ သံယောဇဉ်က သူမ ထိုးမဖောက်နိုင်အောင် နက်ရှိုင်းနေတာကြောင့်ပဲလား၊ သူမ အပေါ်ကို ‌အပေါ်ယံလေးပဲ ချစ်ပေးနေလို့ပဲလား၊ သူ့ဆီက ချစ်တယ်လို့ မကြားရလို့ပဲလားမသိ သူမ သူ့ပေါ်ကို အတော်စိတ်ဆိုး‌မိသည်။ အစက ဒီအိမ်ကိုတောင် ပြန်မလာဘူးလုပ်နေသေးသည်၊ နောက်တော့ အန်တီကိုယ်တိုင်က တောင်းတောင်းပန်ပန် ပြောတာကြောင့်ရယ်၊ နှင်းဆီကိုယ်တိုင်ကလဲနားချတာကြောင့် ပါလာတာပင်...

သမီးက သူ့အဖွားနဲ့ ပျော်နေတာကြောင့် ဖြူသူ့ကို မကြည့်ဘဲ အိမ်ပေါ်တက်လာခဲ့သည်။ သူတို့အခန်းရှေ့အရောက် နောက်က လိုက်လာတဲ့ မာန်က သူမကို ဟန့်တားလိုက်သည်။

ဥပက္ခာတံတိုင်းWhere stories live. Discover now