Chapter-7

4.3K 365 16
                                    

unicode

"Jung Yunho ဘာလာလုပ်တာလဲ..."တချိန်ကအရမ်းစွဲမက်ခဲ့ဖူးတဲ့ သူရဲ့အပြုံး"လာလည်တာလေ မရဘူးလား... မင်း Videoတွေကြည့်ပြီးပြီ မဟုတ်တာတွေလုပ်မနေနဲ့ရပ်တော့..""မင်းငါ့ကိုအမိန့်ပေးလို့ရမယ်များထင်လို့လား ""ငါမဟုတ်တဲ့တခြားကောင်နဲ့ အသားချင်းထိတာတောင်မလိုချင်ဘူးဆိုတာ မင်းသိရက်သားနဲ့""ha ha ဘယ်လိုလုပ်မလဲ ငါလူပေါင်းများစွာနဲ့ထိရုံမက လို့မင်းပြောသလိုအိပ်ယာထဲထိ"ပါးတစ်ချက်ထူပူသွားခြင်းနဲ့အတူ အတားအဆီးမဲ့ကြမ်းပြင်ပေါ်ခွေကျသွားခဲ့သည်...။"င့ါကိုအရွဲ့လာတိုက်ဖို့မစဉ်းစားနဲ့ ငါစိတ်တိုလာရင် မင်းဘယ်လိုအပြစ်ပေးခံရမယ်ဆိုတာမေ့သွားပြီလား""မင်းနဲ့ငါနဲ့ဘာမှမဆိုင်တော့ဘူးလို့မင်းအရင်စပြောခဲ့တာ ဘာ အပြစ်ပေးမယ်....ဒါတွေအတိတ်မှာကျန်ခဲ့ပြီ ငါနဲ့မင်းဘာမှမဆိုင်တော့ဘူး""ဘာလဲ...ဟို အစွန်ပစ်ခံမိဘမဲ့ကောင်ကြောင့်လား....""ဘာ....""ငါ့နဲ့သူ့အဖေနဲ့စီးပွားအပြိုင်ဆိုတာသိရက်သားနဲ့ မင်းတမင်ရွဲ့တာမဟုတ်လား ခက်တာက မင်းရွေးချယ်ပြီးမှ သူကဘာကောင်မှမဟုတ်တော့ဘူး ဟားဟား Kim Jaejoongမင်းရွေးလိုက်တဲ့ကောင်ကလမ်းဘေးက ကလေးသာသာဖြစ်သွားပြီ ဘယ်လိုလုပ်မလဲ"မင်းငါ့ကိုစော်ကားလိုက်တာ..........ငါမင်းကိုနိုင်ချင်တာမှန်ပါတယ် တကယ်တမ်းကျတော့ ငါလုပ်နေသမျှကမင်းကိုအနိုင်ယူဖို့မဟုတ်ခဲ့ဘူူး Yunnie"ဟုတ်တယ်....အဲ့ဒီဘာမှမဟုတ်တဲ့ကောင်ကို ငါအနိုင်ပိုင်းထားနိုင်ရင် မင်းအတွက် အထောက်အကူများဖြစ်လေမလားဆိုတဲ့ ငါ့ရဲ့ရူးမိုက်တဲ့ဦးနှောက်က မင်းအတွက်စဉ်းစားနေဆဲဘဲYunho မင်းအတွက်..ငါ...."ဆက်မပြောနိုင်ဘဲ မျက်ရည်ကသာစီးကျလာခဲ့တယ် တကယ်ဘဲ သူ့ကိုတွေ့ရင် စိတ်တွေဘာလို့ပျော့ညံ့သွားရတာလဲနွေးထွေးတဲ့ရင်းနှီးဖူးတဲ့ကိုယ်ငွေ့နွေးနွေးရယ် အနမ်းတခုရယ်ကြားမှာ ကျွန်တော်နစ်မျောသွားမိပြန်တယ်...ဒုန်း....."Yah Shim Changminဘယ်လိုလုပ်လိုက်တာလဲအကုန်ပြုတ်ကျကုန်ပြီတောင်းပန်ပါတယ်....တောင်း...တောင်းပန်ပါတယ်"Yah ထပ်တိုက်ပြန်ပြီ ဘယ်လိုဖြစ်နေတာလဲတောင်း....တောင်းပန်ပါတယ်ဗျာ....ကျွန်တော်မမြင်လို့ပါ....."ဟင်.....သူ...သူကြားသွားတာလား....အနောက်ကိုတစ်ချက်မှလှည့်မကြည့်ဘဲ ပြေးထွက်သွားတဲ့သူ့ကျောပြင်ကို Yunhoရင်ခွင်ထဲကနေလှမ်းမြင်လိုက်ရတယ်လေ.......တောင်းပန်ပါတယ် အရုပ်ကလေးရယ်...။Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxထူပူနေတဲ့ စိတ်အစုံနဲ့ပြေးထွက်လာလိုက်တာ....ရိုက်ကွင်းနားကပန်းခြံလေးထဲရောက်မှ စိတ်ကိုလွှတ်ချနိုင်တယ်သူ.....မချစ်ဘူးဆိုတာသိနေပေမယ့်လဲ...ခုကတော့...အရမ်းကိုနာကြင်လွန်းရတယ်မဟုတ်ပါလား.......ရက်စက်တယ်လို့လဲမပြောရက်.... ကိုယ်ကိုတိုင်သိရက်နဲ့စွတ်မိုက်နေခဲ့ရသူကို..............ကျွန်တော်ခင်ဗျားကိုချစ်တယ်.........ခင်ဗျားကိုချစ်တယ်.........ရင်ထဲမှာအခါခါထပ်အော်နေပေမယ့် အပြင်မှာကျထွက်မလာနိုင်တဲ့စကားလုံးတွေကျေးဇူးပြုပြီး ကျွန်တော့ကို မစွန့်လွှတ်လိုက်ပါနဲ့.....Xxxxxxxxxxxxxxxxxxxxxxxxx"Shim Changmin.."ခပ်မာမာခေါ်သံကြောင့် ခေါင်းငုံ့လျှောက်နေတဲ့ခြေလှမ်းက အလိုလိုရပ်သွားတယ် မော့မကြည့်လဲ ခေါ်သံပိုင်ရှင်ကိုသိနေတယ်..."မင်းကြားမှာပေ့ါ မင်းကိုJaejoongဘာကြောင့်ခေါ်ထားတယ်ဆိုတာ"ကျွန်တော် ဘာပြောရမှာလဲ...ကျွန်တော်ဘာပြောခွင့်ရှိမလဲဟင်အရုတ်တရက်လက်ကောက်ဝတ်ကိုဖမ်းဆုပ်ကိုင်လိုက်တာကြောင့် အနာတချို့က ဆစ်ခနဲ.."တွေ့လား ဒါတွေအားလုံးက ငါသူ့ကိုလုပ်ခဲ့တဲ့အတိုင်းမင်းကိုပြန်လုပ်နေတာ သူငါ့ကိုရူးမတတ်လိုအပ်နေတိုင်း မင်းကိုအသုံးချနေတာ.."တော်ပါတော့ မပြောပါနဲ့တော့....ရင်ထဲမှာ အတင်းတားမြစ်နေပေမယ့် လက်တွေ့ကျ နှုတ်ခမ်းအစုံကိုဖိကိုက်ထားမိသည်။"ကျွန်တော်သိပါတယ်..... ကျွန်တော်သိပြီးသားပါ... ဒါကြောင့် ခွင့်ပြုပါဦး"အ.....ကိုယ်ကိုနံရံဆီပစ်တွန်းဖိကပ်ထားတာကြောင့်ကျောပြင်အောင့်တက်သွားပြီး သူရဲ့ထိန်းချုပ်မှုအောက်မှာလှုပ်မရ...သန်မာချင်ပေမယ့် ကိုယ်တိုင်လူမိုက်တစ်ယောက်ဖြစ်ခဲ့ဖူးပေမယ့်အရာရာ သူ့ရဲ့နောက်မှာ ဒုတိယ ဆိုတဲ့အသိက လူကိုအင်အားကုန်ခမ်းစေတယ်ခင်ဗျားနိုင်ပါတယ် Jung Yunhoခင်ဗျားနိုင်ပြီးသားပါ...."မင်းက....သူရဲ့ကစားစရာအရုပ်တစ်ရုပ်ထက် ဘယ်တော့မှပိုမလာဘူးဆိုတာမင်းမမေ့နဲ့ မင်းမေ့သွားတဲ့တစ်နေ့ မင်းငါ့အကြောင်းသိမယ်...."နေရာမှာမလှုပ်မယှက်ရပ်နေမိရင်း... ကျဆင်းလာတဲ့မျက်ရည်တွေကို ကျွန်တော်သုတ်ဖို့တောင်အင်အားမရှိတော့ဘူး Jaejoongရယ်...ငွေမှင်ရောင်ပြိုင်ကားထဲက Yunho နံရံကိုမှီကာ ရပ်နေဆဲကောင်လေးကိုလှမ်းကြည့်ရင်း ပြုံးလိုက်မိတယ်ဒါကြောင့် မင်းကို Jaejoongသဘောကျတာကိုး..မင်းက တကယ်ကိုကစားလို့ကောင်းတဲ့အရုပ်တစ်ရုပ်ဘဲ Shim Changmin....Cxxxxxxxxxxxxxxxxxxxxxx"မင်းဘယ်သွားနေတာလဲ""ဗိုက်ဆာလို့ ခေါက်ဆွဲသွားစားနေတာ...ဆောရီးနော် နောက်ကျသွားတယ်"မင်းငါ့ကိုလိမ်ဖို့ကြိုးစားနေတာလား အရုပ်ကလေး...မင်းမျက်လုံးတွေနီနေတာ....မင်းအသံတွေတုန်နေတာ ငါမသိ မမြင်လောက်အောင်..ငါမတုံးအဘူးမေးလိုက်ပါလား ငါ့ကို တခုခု ပြောလိုက်ပါလားဘာလို့ဒီအတိုင်းငြိမ်နေတာလဲမင်းသိပြီးပြီဘဲ"ထားပါတော့ ငါ့Schedule ပြီးပြီ အိမ်ပြန်မယ်..."အရုပ်လေးရေ ငါဘယ်လိုလုပ်ရမလဲငါသူ့ဆီကရုန်းထွက်ချင်ပေမယ့် ရုန်းမထွက်နိုင်ဘူးဖြစ်နေတယ်...ဘေးမှာအိပ်နေတဲ့သူ့ကို ခပ်ဖွဖွလေးနမ်းလိုက်မိတယ်....သူအိပ်မနေဘူးဆိုတာ Jaejoongသိပါတယ်သူ့မျက်ရည်တွေကိုထိန်းထားတယ်ဆိုတာကိုလဲသိပါတယ်သူ့မျက်တောင်လေးတွေကစိုနေတယ်ဆိုတာဖုံးကွယ်ထားလို့မှမရတာ"အိပ်မပျော်ဘူးလား...""အင်း...""တခုခုစားမလား..""ခင်ဗျားချက်ကျွေးမှာလား""အင်း လာ ထ..."စားစရာတွေကိုမတို့မထိဘဲငေးငေးလေးကြည့်နေတယ်"စားလေ ဘာလုပ်""ကျွန်တော်ကို နှင်ထုတ်တော့မှာလားဟင်""ဟင်.... ဘာလို့လဲ""ဒီလို...ညစာတောင်ချက်ကျွေးနေလို့လေ နှင်ထုတ်တော့မာမို့လို့လားဟင်...""မ..မဟုတ်ပါဘူး စားစမ်းပါ စကားမများဘဲ...ခေါင်းငုံ့စားနေတဲ့သူ့ကိုကြည့်ရင်းအသည်းယားလာလို့ တူနဲ့ခေါင်းကိုတစ်ချက်ခေါက်လိုက်မိသည်"ဟာဗျာ....""ဘာလဲ မကြိုက်ဘူးလား ပြော""အင်းပေါ့စားနေတာကို...နှုတ်ခမ်းတစ်ဆူဆူနဲ့ရန်ထောင်နေဖို့က"မင်းကနာနာချမှကြိုက်တာပေါ့ဒါဆို""အာ...အဲ့လိုမဟုတ်ဘူးလေ""ဒါဆို ငါမင်းကိုရိုက်ရင်မကြိုက်ဖူးပေါ့""ခင်ဗျားနဲ့ပတ်သတ်ရင် ဘာမဆိုကျွန်တော်ကြိုက်ပါတယ်.""ဒီလိုမှပေ့ါ အရုပ်ကလေးရဲ့""ကျွန်ကော်ကတကယ်အရုပ်နဲ့တူတာလားဟင်တကယ်ဆော့လို့ကောင်းတာလား""ဘာတွေမေးနေပြန်တာတုန်း""မဟုတ်ပါဘူး သိချင်တာပါ.....""အင်း သိပ်ဆော့လို့ကောင်းတဲ့အရုပ်ကလေးပေ့ါ""ခင်ဗျားသိလား.......""ဘာကိုလဲ""အရုပ်လေးမှာလဲ.........""အရုပ်လေးမှာလဲ ဘာဖြစ်လဲ""ဘာမှမဟုတ်တော့ဘူး စားလို့ကောင်းတယ် အကုန်ကုန်ပြီ""မင်းကလေ..... "ပန်းကန်ဆေးဖို့ကျောခိုင်းသွားတဲ့သူ့ကိုကြည့်ရင်း ရင်ထဲကပြောလိုက်မိတယ်အရုပ်ကလေးမှာလဲ အသည်းနှလုံးရှိပါတယ် .... နာကြင်တတ်တယ်ဆိုတာ ခင်ဗျားသတိရရဲ့လားဟင်ညဆိုရင် သူဖုန်းပြောတာကို ကျွန်တော်စောင့်ရတာလေးတွေရှိလာပါပြီ Yunhoဆိုတဲ့လူဆီကဆိုတာ ကျွန်တော်သိနေတယ်လေတခါတခါ သူအပြင်ထွက်ရင် ကျွန်တော်လိုက်ခွင့်မရတော့ဘူးဘယ်သွားမှာလဲမေးရင် မကြိုက်တတ်တာကြောင့် ကျွန်တော်မေးခွင့်မရပြန်ပါဘူးခင်ဗျားစိတ်ကြိုက်လုပ်ပါ.........ခင်ဗျားနားမာနေခွင့်လေးဘဲပေးထားပေးပါ.....တစ်သက်လုံးအရုပ်တစ်ရုပ်ဖြစ်နေရမယ်ဆိုရင်တောင် ....ခင်ဗျားအနားမှာဘဲ......ဘာမှမသိတော့ဝူးXD

ဒုတိယလူWhere stories live. Discover now