အပိုင်း(၇)

13.7K 741 47
                                    

Unicode

🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
                     🌾အပိုင်း(၇)🌾

ငြိမ်းဝေ နောက်ကိုတစ်ခေါက်လေးတောင်လှည့်မကြည့်ဘဲ တစ်ချိုးတည်းပြေးသွားသူကိုကြည့်ပြီး စိတ်ပျက်စွာခေါင်းကိုခါရမ်းလိုက်သည်။တကယ့်သတ္တိခဲကိုမှ ခေါ်လာမိခဲ့သည့် သူ့အမှားပေ‌ပဲမို့ ပြောချင်စရာစကားတောင်မရှိတော့။တော်တော်လေးအားကိုးရသည့် စိုးလင်းမောင်ကို စိမ်းလဲ့နွယ်ယူမိမှာကိုပဲ ရင်လေးသွားရသည်။အဲ့ကောင်က ညဘက်အရေးအကြောင်းဆို‌တောင် မိန်းမကို ခါးတင်ခွလိုက်မည့်ကောင်စားမျိုးပင်။

"ဘယ်သူလဲ...”

သွေးတွေရဲနေသော ဓားမကိုကိုင်ထားသည့် ဖိုးလေးကိုကြည့်ပြီး ငြိမ်းဝေ တံတွေးမျိုချလိုက်ကာ...
"ကျုပ် ငြိမ်းဝေပါ ဖိုးလေး ရွာနောက်ပိုင်းကပါ...”

"အေး ဘာကိစ္စလဲ..လာ လိုက်ခဲ့...အမဲကိုင်နေတာမို့ တဲထဲက ရှုပ်နေတယ် မင်း အဆင်ပြေတဲ့နေရာထိုင်လိုက်..”

"ဟုတ်ကဲ့ခင်ဗျ...”

ငြိမ်းဝေ အနည်းငယ်ကြောက်မိသော်လည်း အားတင်းပြီး တဲထဲလိုက်ဝင်သွားလိုက်သည်။တဲအတွင်း နွားပေါင်တစ်ဖက်ရှိနေကာ အခုလေးတင်ခုတ်ထစ်ထားသော အသားအပိုင်းအစများကိုတွေ့ရသဖြင့် ငြိမ်းဝေ တွန့်ခနဲဖြစ်သွားရသည်။ထိုအသားတွေက ဘာကျွေးဖို့လဲသိနေတော့ ကျောချမ်းလာသည်ကထိန်းမရ။ဝင်လာကတည်းက စိုက်ကြည့်နေသလိုခံစားရသည့် ခံစားချက်ကလည်း အခုချိန်မှ ပိုဆိုးနေသလိုခံစားရသည်။ငြိမ်းဝေ ကြောက်စိတ်ဝင်လာရင် ခန္ဓာကိုယ်၏ မြင်အပ်မမြင်အပ် ကြားတွေမှန်သမျှ ချွေးတွေထွက်လာလေ့ရှိသည်။အခုလည်းထိုနည်းလည်းကောင်းဖြစ်နေပြီပင်။

"ဆို....”

"ဟို အမေက သနပ်ခါးပင်လေး လေး၊ငါး၊ဆယ်ပင်လောက် ကောင်းကောင်းလေးရချင်လို့ ဖိုးလေးဆီ လာဝယ်တာပါခင်ဗျ...”

"လေး၊ ငါး၊ ဆယ်ပင်...ဖိုးသား မင်းလိုချင်တာ လေးပင်လား ငါးပင်လား ဆယ်ပင်လား...ငါ့ကိုရှင်းရှင်းလင်းလင်းပြော...”
(ဖိုးသား-၅နှစ်အရွယ်ကလေးမှအစ ကာလသားပေါက်အရွယ်ထိ ရွာကခေါ်လေ့ရှိသော နာမ်စား၊မိန်းကလေးဆို မနီလို့ခေါ်ကြပါတယ် အသံထွက်ကတော့ မတ်နီပါ)

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now