Part _ 1

140K 2.2K 276
                                        

🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 1

"မြကျောက်.....ကောင်လေးကို ခေါ်စမ်း "

"ဘာဖြစ်လို့လဲ ဖေဖေ "

"ဘာမှမဖြစ်ပါဘူးဟ စကားပြောချင်လို့ပါ "

ဒေါ်မြကျောက် သည် ဖခင်ဖြစ်သူ ဦးစံရွှေမောင်ကို အကဲခတ်ကြည့်လိုက်တော့လည်း  ဒေါသထွက်နေဟန် မတူပါ....

"Juicy သွား  သားအစ်ကိုကို သွားခေါ်ပေး "

တစ်ကိုယ်လုံးက လုံးပြီးဖွေးနေကာ အနက်ရောင် အစက်အပြောက်များပါသော Dalmatain  အမျိုးအစား ခွေးလေး Juicy က ဝုတ်ကနဲထကာ လှေကားအတိုင်း ပြေးတက်သွားလေတော့သည်....

မကြာလိုက် Juicyက အမြီးနန့်ပြီး ပြန်ဆင်းလာကာ အနောက်မှာ ခေါ်ခိုင်းလိုက်တဲ့သူလည်း ပါလာလေသည်...

ဘောင်းဘီတိုတိုနဲ့ စွပ်ကျယ်အနက်ကို ဝတ်ဆင်ထားပြီး နားက လက်လက်ထနေသော စိန်ပွင့်က မကြာသေးခင်ကမှ ဒေါ်မြကျောက်ကိုယ်တိုင် တူဖြစ်သူကို မွေးနေ့လက်ဆောင် ဝယ်ပေးထားတာ ဖြစ်သည်....

မည်းနက်ထူပိန်းနေသော ဆံပင်ကို Skin fade ဒီဇိုင်း ညှပ်ထားတဲ့ တူတော်မောင်က အခုမှ အိပ်နေရာက  ထလာဟန်တူလေသည်။ဆံပင်ကို ပုံမသွင်းထားတော့ နဖူးပေါ်ကို ပြိုကျနေတဲ့ ဆံနွယ်တစ်ချို့ကို လက်ဖြင့် သပ်တင်လိုက်ရင်း...

"ဘိုးဘိုး သားကို ခေါ်တယ်ဆို "

"အင်း "

မျက်ခုံးကောင်းကောင်းနဲ့ မျက်ဆံညိုညို အသားက မဖြူမညိုနဲ့ စိုလက်သော အသားရေဟာ အဘိုးဖြစ်သူ ဦးစံရွှေမောင်ဆီကနေ အမွေဆက်ခံထားတာဖြစ်ပြီး   ချောမောတည်တံ့ ခန့်ညားမှုကအစ အဘိုးနဲ့ တစ်ပုံစံတည်း တူလေသည်....

"ဘွဲ့က ဘယ်တော့ ရမှာလဲ ငါ့မြေး "

"ဗျာ"

"မင်းဒီတစ်သက် ကျောင်းပြီးပါဦးမလားလို့ မေးနေတာ"

"ဟုတ် သား ကြိုးစားပါ့မယ် ဘိုးဘိုး "

"လုပ်မနေနဲ့ဟေ့ကောင်....မင်းအကြံတွေ ငါမသိဘူးများ ထင်နေလား မိန်းမယူရမှာစိုးလို့ ....တစ်နှစ်ပြီးတစ်နှစ် ကျအောင်ဖြေနေတာ မဟုတ်လား...မင်း.မရှက်ဘူးလား ၂နှစ်ရှိပြီ ကျတာ ငါ့မြေးမရှက်ပေမယ့် ဘိုးကတော့ ရှက်တယ်ကွ "

🌸ပန်းနုရောင်ဘာသာစကား🌸Where stories live. Discover now