👾Chapter 60
[ အဓိပ္ပါယ်မရှိသောစိတ်ကူးယဉ်မှုများနှင့် မရှင်းလင်းသောကြင်နာနွေးထွေးမှု ]ဟယ့်ယွင်ထင်က တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် ပြောလာသည်။
" တစ်ရက်လုံး "
လင်းဟန် စိုးရိမ်ကြောင့်ကြသွားသည်။
" ဒါဆို ကျွန်တော်တို့ အခု ဘယ်မှာလဲ။ ဗိုလ်ချုပ် မက်ခါကို ပြန်မမောင်းသွားခဲ့ဘူး၊ ဟုတ်တယ်မလား။ ကျွန်တော်....."
သူ့ထံ၌ ဟယ့်ယွင်ထင်အား ပြောစရာစကားများ ကျန်ရှိဆဲဖြစ်သည်။
သို့သော် ဟယ့်ယွင်ထင်သည် ငြိမ်သက်စွာဖြင့် သူ့ကို အနည်းငယ်ပို၍တင်းတင်းကြပ်ကြပ်ဖက်လိုက်သည်။
ထိုအခါမှသာ လင်းဟန် အမှန်တကယ် တည်ငြိမ်သွားလေသည်။
သူက ဟယ့်ယွင်ထင်ကို နေရာမှာသာစောင့်ဆိုင်းမနေဘဲ အကြောင်းရင်းမရှိ သူ့ကို ရှာရန် M2742 ကို စွန့်စွန့်စားစား မောင်းနှင်စရာမလိုပေ။ ဤအချက်နှစ်ချက်ကြောင့် တစ်စုံတစ်ရာက ကျိန်းသေဖြစ်ပွားခဲ့ရမည်။
ဟယ့်ယွင်ထင်က ပြောသည်။
" ကိုယ် အဲဒီနေရာကနေ မောင်းထွက်လာခဲ့ပြီးပြီ ၊ စိတ်မပူနဲ့တော့ "
" ခင်များထွက်သွားတဲ့အခါ ကျွန်တော် ဆက်သွယ်ရေးစက်ကို ဖွင့်ခဲ့ပြီး ဒုဗိုလ်မှူးလုက ဆက်သွယ်လာခဲ့တယ် "
လင်းဟန်က ဟယ့်ယွင်ထင်ကို မနေ့က သူ ကြားခဲ့သမျှအားလုံးကို ပြောပြလိုက်သည်။
" ကျွန်တော်ရှိနေတဲ့နေရာက ဆက်နေဖို့ မလုံခြုံတော့မှာကို စိုးရိမ်လို့။ အဲ့ဒါကြောင့် ခင်များဆီလာဖို့ ကြိုးစားခဲ့တာ …."
လင်းဟန်က သူ့စကားကို အဆုံးမသတ်ချေ။
ဟယ့်ယွင်ထင်အတွက်သာ မဟုတ်လျှင် အဖြစ်အပျက်အားလုံး၏ လမ်းကြောင်းမှာ ကွဲပြားခဲ့လိမ့်မည်။
သူသည် တစ်ဖက်သား၏ပွေ့ဖက်မှုကို မငြင်းဆိုချေ။ ယခုအချိန်၌ သူ့ထံတွင် တွန်းထုတ်ပစ်ရန်လည်း ခွန်အားမရှိပေ။
သေနတ်ကိုင်ကာ မက်ခါကို မောင်းနှင်နေချိန်တွင် ဟယ့်ယွင်ထင်၏လက်များက အလွန်တည်ငြိမ်တတ်သော်လည်း ယခု လင်းဟန် ချောင်းဆိုးကာ သွေးအန်သည်ကို တွေ့ရပြီး သောက်ရေလှမ်းပေးသည့်အခါတွင်မူ အနည်းငယ် တုန်ယင်နေသည်။

YOU ARE READING
ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)
Science FictionTitle - Description မှာ ထည့်ထားပါတယ် Update- တစ်ပတ် ၂ပိုင်း