👾Chapter 59
[တကယ်လို့ ကျွန်တော်သာ နည်းနည်းလောက် နောက်ကျပြီးမှ ရောက်လာခဲ့မယ်ဆိုရင် ခင်များ မတော်တဆဖြစ်သွားဦးမှာလား]လင်းဟန်သည် အကျပ်အတည်းကြားထဲသို့ ကျရောက်နေပြီး ဤအတိုင်း ထိုင်နေရင်းတောင် ညှင်းပန်းမှုကို ခံစားနေရသည်။ သူ စက်ခန်းထဲမှ နာရီကို စိုက်ကြည့်နေပြီး ငါးမိနစ်ကုန်လွန်သွားတိုင်း ပြတင်းဝိုင်းမှတဆင့် အပြင်ဘက်သို့လှမ်းကြည့်သည်။
သူ၏စိတ်အခြေအနေကို ခံစားမိသည့် ကူးလုလုသည် တစ်ခဏကြာ စိတ်ရှုပ်နေသည်။ ၎င်း၏သေးငယ်စိုစွတ်သည့် လျှာကလေးကိုပင် ထုတ်ကာ လင်းဟန်၏လက်ကို လျက်ကာ အားတက်စေရန် ကြိုးကြိုးပမ်းပမ်း လုပ်နေဆောင်၏။
လင်းဟန် နေ့တ၀က်လုံး ထိုစိတ်အခြေအနေဖြင့် ညှင်းပန်းနှိပ်စက်ခံနေရကာ ဟယ့်ယွင်ထင်အား မစောင့်နိုင် တော့ပေ။
သူ စက်ခန်းထဲသို့ ပြန်၀င်လိုက်သည်။
သူ ထပ်ပြီး မစောင့်နိုင်တော့ပေ။
သူက ဤအတိုင်းသေခြင်းတရားအား ထိုင်စောင့်မနေနိုင်သည့်အပြင် ဟယ့်ယွင်ထင်ကိုလည်း ချန်ရစ်မထားလိုချေ။
လင်းဟန် သူ့ဘေးနားရှိ ခေါင်းစောင်းကို ယူကာ အနည်းငယ် တုန်လှုပ်သွားပြီးနောက် စိတ်တည်ငြိမ်စေရန် သူ့ကိုယ်သူ ထပ်မံ ဖိအားပေးလိုက်သည်။ သူက ဤနေရာမှ ထွက်ခွာကာ ဟယ့်ယွင်ထင်အား ရှာဖွေလိုသည်။
သူက ဟယ့်ယွင်ထင်ထွက်ခွာသွားသည့် အရပ်မျက်နှာကို မှတ်မိသည့်အပြင် ခြေကျင်ဖြစ်သောကြောင့် ဝေးဝေးလံလံသွားနိုင်မည်လည်း မဟုတ်သဖြင့် ထိုလမ်းကြောင်းအတိုင်း လိုက်သွားပါက သူ့အား ရှာဖွေနိုင်ပေမည်။
သို့သော် မက်ခါ၏စွမ်းအင်က....
လင်းဟန်က မျက်လုံးများကို မှိတ်လိုက်ပြိး စတင်ရန် ရွေးချယ်လိုက်သည်။ လင်းဟန် လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်လိုက်ပြီးနောက် ကြာမြင့်စွာ ပျောက်ကွယ်နေခဲ့သည့် အမျိုးသမီးက ပြန်လည်ထွက်ပေါ်လာတော့သည်။
" M2742 ပထမယာဉ်မောင်းနှင်ခန်း စတင်။ စိတ်စွမ်းအင်ဗဟိုချက်ကို ဖွင့်လိုက်ပါပြီ ။ ကျေးဇူးပြုပြီး ပိုင်းလော့နှင့် ချိတ်ဆက်မှုကို အတည်ပြုပါ "

YOU ARE READING
ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)
Science FictionTitle - Description မှာ ထည့်ထားပါတယ် Update- တစ်ပတ် ၂ပိုင်း