Chapter 58

311 45 1
                                    

👾Chapter 58
ကိုယ့်ကိုစောင့်နေပါ

" ကျွန်တော်တို့ တကယ်ပြန်နိုင်မှာလား "

ထိုမေးခွန်းကို သူ မုန်းတီးမှန်းသိသော်လည်း လင်းဟန်က  မေးမြန်းမိဆဲဖြစ်သည်။

" အင်း ကျိန်းသေပြန်နိုင်တယ် "

ဟယ့်ယွင်ထင်၏ကတိသည် နူးညံ့သိမ်မွေ့သော်လည်း မြဲမြံကာ ထပ်မေးခွန်းမထုတ်နိုင်သောခွန်အားကို သယ်ဆောင်ထားသည်။

ဤကဲ့သို့သောအခြေအနေမျိုးတွင်ပင် သူသည် အမှန်တကယ်ပင် အံ့ဖွယ်ဖြစ်ပေသည်။

သို့သော်… 

လင်းဟန်၏လက်က ဟယ့်ယွင်ထင်၏လက်ဖဝါးကို ဆုပ်ကိုင်ထားသည်။ သူ မည်မျှပင် အာရုံစူးစိုက်နေပါစေ ဟယ့်ယွင်ထင်၏အသံကို အနည်းငယ်မျှပင် မကြားရပေ။

လင်းဟန်၏စိတ်ဓာတ်စွမ်းရည်သည် လွန်ခဲ့သည့် နှစ်ရက်အတွင်း တဖြည်းဖြည်း ယုတ်လျော့လာသည်။  ကြိုတင်သတိပေးချက်ရှိခဲ့သော်လည်း ရုတ်တရက် ပျောက်ကွယ်သွားသောအခါ သူ အနည်းငယ် အဆင်မပြေဖြစ်မိသွားဆဲဖြစ်‌လေသည်။

သူ့လက်ချောင်းများကို တစ်ဖက်သူ၏လက်ချောင်းများနှင့် စပ်ယှက်ကာ အလွန်အားထည့်မထားသော်ငြား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားစေကာမူ သူ့နားထဲတွင်  တိတ်ဆိတ်မှုသာ ရှိနေသည်။

လင်းဟန်က လက်ချောင်းများကို ကွေးထားကာ လက်မလွှတ်မပေးချေ။

ဤအချက်သည် တဖြည်းဖြည်း ရှင်းလင်းလာသည်။

သူ၏ စိတ်ဖတ်နိုင်သည့်စွမ်းရည်မှာ ပျောက်ကွယ်သွားလေပြီ။

ဟယ့်ယွင်ထင်က ရပ်တန့်ရန် ပြောမလာဘဲ သူ့လက်အား ကိုင်ခွင့်ပြုထားသည်။

ဤအချက်က လင်းဟန်ကို အကြာကြီး အံ့အားမသင့်စေသော်လည်း ဟယ့်ယွင်ထင်၏လက်ကို လွှတ်လိုက်သည့်အချိန်တွင် သူ့မျက်နှာပေါ်ရှိ အပြုံးကမူ အနည်းငယ် ‌ဖျစ်ညစ်ထားသည့်အပြုံးဖြစ်နေသည်။

စိတ်ခံစားချက်ပိုင်းဆိုင်ရာတွင် အမြဲလိုလို နှေးကွေးလေ့ရှိ‌သော်လည်း  အချိန်တိုင်းတွင် မတူညီသည့်ခံစားချက်များကို ဖမ်းဆုပ်နိုင်သည့်ဟယ့်ယွင်ထင်က ခေတ္တ တုံ့ဆိုင်းပြီးနောက် ပြောလာသည်။

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now