Chapter 57

288 46 0
                                    

👾Chapter 57
[ ဘာလုပ်ခဲ့တယ်ဆိုတာကို ဘယ်သူကမှ မြင်မှာမဟုတ်ဘူး ]

နည်းနည်းလောက်၊နည်းနည်းလောက်ပါပဲ။

သူ့ကိုယ်သူ ပြောလိုက်၏။

တခြားဘာမှမလုပ်ဘူး။

သူ နှေးကွေးစွာ ချဉ်းကပ်ကာ ထိုင်ချလိုက်လေသည်။

ခြေထောက်များကကွေးနေပြီး သူ၏အနေအ‌ထားမှာ သတိအပြည့်ရှိနေကာ အခြားသူ၏အိပ်မောကျနေသည့်မျက်နှာကို စောင့်ရှောက်နေသည့်အတိုင်းပင်။

သို့‌သော် ကြည့်ချင်ရုံမျှသာမဟုတ်မှန်း သူ သိလေ၏။

ဟယ့်ယွင်ထင်သည် တောင့်ခံမထားနိုင်တော့သဖြင့် တစ်ဖက်သူထံ နီးကပ်သွားပြီး နှုတ်ခမ်းများကို လူငယ်လေး၏လက်ပြင်ပေါ် ထိကပ်ကာ နူးညံ့လျင်မြန်သည့်အနမ်းတစ်ခုပေးလိုက်တော့သည်။

ကူးလုလုသည် ဤအပြုအမူက မည်သည်ကို ဆိုလိုသည်အား နားမလည်နိုင်‌သော်လည်း သူသည်လည်း အိပ်ပျော်နေသည့်လူငယ်လေး၏ လည်ပင်းကို ပွတ်သပ်လိုက်သည်။

ဟယ့်ယွင်ထင်သည် မနေ့ကနှင့်ယနေ့တွင် တစ်နေ့တာလုံး အလုပ်ရှုပ်ခဲ့ဖြင့် ရုပ်ပိုင်းဆိုင်ရာ ပို၍ပင်ပန်းနွမ်းနယ်နေပြီး လင်းဟန်ကို ကြည့်လျက် အိပ်ငိုက်လာ‌လေသည်။

ထိုအနမ်းမှာ ငြင်းပယ်မခံခဲ့ရသောကြောင့် သူက ပို၍ရဲတင်းလာ တော့သည်။

ထိုသို့ဆိုလျှင်...သူသည် တစ်ခဏမျှ အနားယူမှဖြစ်ပေမည်။

မောင်းသူထိုင်ခုံမှာ အမှန်တကယ်၌ ကြီးကြီးမားမားမဟုတ်ချေ။ သို့‌သော် ဟယ့်ယွင်ထင်က သူ့ဘေးနားရှိ ခုံပေါ်တွင် ၀င်ထိုင်လိုက်ပြီး ထူးဆန်းသည့်အနေအထားတွင် လဲလျောင်းကာ လင်းဟန်ဘေးတွင် အိပ်လိုက်သည်။ သူက တစ်ဖက်သူ၏လက်ကို ကိုင်လျက် နောက်ကျောဘက်မှ ‌ဖက်လိုက်သည်။
ဟယ့်ယွင်ထင်သည် ထိုလက်လေးကို နမ်းခဲ့ခြင်းကြောင့် သို့မဟုတ် ဤနေ့တ၀က်လုံး  အိပ်ပျော်ရန် သူ့အား နောက်ကျော်ဘက်မှ ဖက်ထားခဲ့သောကြောင့်...သို့မဟုတ်  ဖက်ထားဆဲဖြစ်ပြီး လက်လွှတ်ရန် ငြင်းဆန်နေခြင်းသည်လည်း ဖြစ်နိုင်သည်။

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now