Chapter 56

300 40 0
                                    

👾Chapter 56
[ လူငယ်လေး၏လက်ဖမိုးပေါ်  နူးညံ့လျင်မြန်သည့်အနမ်းတစ်ခုပေးလိုက်သည် ]

" သူက ဒီလိုမျိုး အရေအတွက် အလွန်အမင်းရှားပါးတဲ့ အိုမီဂါမျိုးစိတ် တွေကို ' မီးလျှံသွေး ' ဆိုပြီး နာမည်တစ်ခုပေးခဲ့တယ် "

လင်းဟန် အနည်းငယ် အံ့သြသွား လေ၏။ သူသည် ကြင်နာသော မျက်လုံး၊ ဖော်ရွေသော အေးဆေးတည်ငြိမ်မှု နှင့် မြင့်မားသော အသိပညာအရည်အချင်းရှိသည့် ပညာရှင် ရူကျစ်ဟန်၏ နာမည်ကို ကြားဖူးသည်။ အင်ပါယာစစ်တက္ကသိုလ်တွင် ဟောပြောပွဲများစွာကို သင်ကြားပို့ချရန် ဧည့်ပါမောက္ခအဖြစ် ရောက်ရှိလာသောအခါတွင် ၎င်းတို့သည် မတူညီသည့်နယ်ပယ်အသီးသီးတွင် လုပ်ကိုင်ကြသော်လည်း လင်းဟန်သည် ထိုသူ၏ ပညာရှင်ပီသမှုကို သဘောကျကာ ဟောပြောပွဲတိုင်း သွားရောက်နားထောင်ခဲ့သည်။

ဟယ့်ယွင်ထင်က ဆက်ပြောသည်။

" သူက ဒီအိုမီဂါအမျိုးအစားက ကျန်တာတွေနဲ့ တခါတလေမှာ ကွဲ‌ပြားနေတတ်တာကို ရှာတွေခဲ့တယ်။ သာမန်ထက် နည်းနည်း ပိန်ပေမဲ့ မကြာခဏဆိုသလို စိတ်စွမ်းအင်စွမ်းအား အလွန်မြင့်မားနေတတ်တာကို ရှာတွေ့သွားခဲ့တယ် "

လင်းဟန်က ဂရုတစိုက် နားထောင်နေပြီး  ' မီးလျှံသွေး ' ဟု ခေါ်ဆိုသည့်အရာ၏ မူလဇာစ်မြစ်ကို တဖြည်းဖြည်း နားလည်သွားတော့သည်။

ရူကျစ်ဟန်မှ ဤကဲ့သို့ အိုမီဂါအား ရှာဖွေ့တွေ့နိုင်ခဲ့သည်မှာ ကောင်းသည့်အရာတစ်ခုဖြစ်ပေသည်။

သို့သော် နောက်ဆုံးတွင် အိုမီဂါများမှာ ကန့်သတ်ချက် အများအပြား ထားရှိခံကြ‌ရသည်။ သို့ရာတွင် ပါမောက္ခရူ၏သုတေသနတစ်ခုတွင် သူက ထိုကဲ့သို့အိုမီဂါများသည် ၎င်းတို့၏ဂလင်းများ ပျက်စီးသွားပြီးနောက် သာမန်လူများနှင့် မတူညီတော့သည်ကို ရှာတွေ့သွားခဲ့သည်။

ယောင်္ကျား၊မိန်းမ နှစ်မျိုးလုံးသည် ၎င်းတို့၏ခန္ဓာကိုယ်က အလွန်ပိန်ပါးနေလျှင်တောင်မှ လှုံ့ဆော်ဆေးအလုံးတစ်ရာ ထိုးသွင်းခံထားရသကဲ့သို့ ပင်ပန်းမှုကို ခံစားကြရခြင်းမရှိဘဲ အယ်လ်ဖာအချို့ထက်ပင် အတိုင်းအတာတစ်ခုခန့် ပြင်းထန်သည့်လေ့ကျင့်ရေးများကို တောင့်ခံနိုင်ကြသည်။

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now