အပိုင်း(၆)

14.2K 713 39
                                    

Unicode

🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
                       🌾အပိုင်း(၆)🌾

နေမြင့်မှနိုးလာသော ငြိမ်းဝေတစ်ယောက်ကတော့ ထိုအဖြစ်အပျက်တွေမသိ။ပါတိတ်လေးတစ်ကွင်းဆက်သထားတာမို့ အိမ်ကမင်းသမီးကြီးက ဒီနေ့ စိတ်ကောင်းဝင်နေပုံရပြီး သူ့ကိုမနှိုး။ဒီအချိန်ဆို  အဖေလည်း ယာထဲရောက်နေလောက်ပြီဖြစ်သည်။

မျက်နှာကိုမြန်မြန်သစ်လိုက်ပြီး ပုဆိုးဖြင့် ဖြစ်သလိုဆွဲသုတ်လိုက်ကာ အမေကြော်ပေးထားတဲ့ ကန်စွန်းရွက်ကြော် ၊ကြက်ဥကြော်နဲ့ အဆာပြေစားလိုက်သည်။ထိုအချိန် သူ့ဝန်း‌ရှေ့ကဖြတ်သွားသည့် ဂျွန်စောအောင်ကြောင့် ..

"ဝေး ဂျွန်စောအောင် ဘယ်လဲ...”

"သူကြီးအိမ်...”

"ဘာလုပ်လဲ...”

သူမေးလိုက်တော့ ခဏလောက်တုန့်ခနဲရပ်သွားသူက သူ့အိမ်ဝန်းထဲဝင်လာလေသည်။ဂျွန်စောအောင်၏ မူပိုင်ဖြစ်သည့် သနပ်ခါးထူထူနှင့်ဆီရွှဲနေသော ဘိုကေကတော့ ပနံသင့်လျှက်။

"ကိုကြီးငြိမ်းဝေ မသိဘူးလား ရွာထဲမှာ ဒီလောက်ဆူညံနေတာကို...”

"ဘာဖြစ်တာလဲကွ...”

"ဟော ဟိုမှာ လှည်းတွေတွေ့လား အဲ့ဒါ ဇီးပင်လယ်ကလာကြတာ သူကြီးအိမ်ထဲက မြေကြီးထဲကနေ တရားသံထွက်နေတယ်ဆိုပဲဗျ...”

ငြိမ်းဝေ ဝါးလက်စထမင်းတောင်နင်သွားရကာ...
"ဘာကြီး...”

"ဟုတ်တယ် မနက်စောစော သူကြီးအိမ်ရှေ့ကဖြတ်သွားတဲ့သူကပြောဝာာ မန်းကျည်းပင်ကြီးအောက်က မြေကြီးထဲကနေ တရားသံကြားရတာတဲ့...ဒါကြောင့် ဘေးရွာကလူတွေက ထူးဆန်းတယ်ဆိုပြီး လာကြည့်ကြတာ လှည်းတစ်စီးကို ၁၀၀တဲ့ ရွာသူကြီးကကောက်နေတာ လှည်းချောင်းကူးရွာက‌လူတွေကတော့ အလကားတဲ့ အဲ့ဒါကြောင့် ကျုပ်သွားကြည့်မလို့...”

"ဘာ ဟ ဟ ဟားဟား ...”

ငြိမ်းဝေ အားရပါးရအော်ရယ်လိုက်တော့ ပါးစပ်ထဲက ထမင်းစိတွေက အပြင်ကိုစင်ထွက်ကာ ဂျွန်စောအောင် နှဖူးပေါ် ပြေးကပ်လေတော့သည်။

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now