အပိုင်း(၄)

14.3K 730 45
                                    

Unicode


🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
                       🌾အပိုင်း(၄)🌾

"ငြိမ်းဝေ...ဟေ့ ငြိမ်းဝေ...ဒီကောင်လေးကတော့ ကုလားသေကုလားမော အိပ်နေတော့တာပဲ..နေနှင့်ဦး...”

‌ဒေါ်ခက်ခက်ငြိမ်း မကျေမနပ်ရေရွတ်ရင်း မီးဖိုထဲမှ ယောက်မကိုသွားယူလိုက်ကာ ပုဆိုးကျွတ်နေပြီး ဟိုဘက်စောင်းအိပ်နေသဖြင့် ဘောလုံးဘောင်းဘီပေါ်နေ‌သည့် တင်ပါးကို ယောက်မဖြင့် ၃ချက်လောက် ရိုက်ပစ်လိုက်သည်။

"ထ!ထ! နေ ဖင်ထိုးနေပြီ ..ထစမ်း ငြိမ်းဝေ!”

"ဟာ...အမေကလည်း နာတာဗျာ ရိုးရိုးနှိုးလည်းရတာပဲကို...”
ငြိမ်းဝေ မျက်လုံးမပွင့်သေးဘဲ တင်ပါးကိုလက်နှင့်ပွတ်ရင်း မပွင့်တပွင့်ပြောလိုက်သည်။

"အောင်မာ ငါခေါ်နှိုးနေတာ လိပ်ခေါင်းတောင်ထွက်တော့မယ် နင်ဘယ်မှာနိုးလို့လဲဟဲ့..ထ အခု ထ..”

"ဟုတ်ပါပြီ အမေရာ ထပြီဗျာ ထပြီ...”

မထမချင်း အတင်းခေါ်နှိုးနေတော့ ငြိမ်းဝေ မထချင်ထချင်ဖြင့်ထလိုက်ကာ မျက်နှာသစ်ပြီးနောက် ဘုရားရှိခိုးလိုက်သည်။အမေက မနက်ခင်းနိုးပြီးဆိုတာနှင့် ဘုရားရှိခိုးမှကြိုက်တဲ့သူဆိုတော့ ငြိမ်းဝေလည်း အကျင့်တစ်ခုလိုဖြစ်နေပြီပင်။

တောအင်ကြင်းပန်းလေးတွေ ဝေဆာနေသော ဘုရားစဉ်ကိုမော့ကြည့်ပြီးနောက်...
"အမေ....အမေ့ ...”

"ဘာလဲဟယ် သေမလို့ အသံပြဲနဲ့ခေါ်နေတာလား...”

"ကျုပ်ဗိုက်ဆာလို့ အဖေရော....”

"အုပ်စောင်းအောက်မှာ ထမင်းကြော်ရှိတယ်..ငါးခြောက်ဖုတ်ထားတယ်...မင်းအဖေ နိုးကတည်းက ယာထဲသွားပြီ.. မြန်မြန်စားပြီးလိုက်သွား...”

ငြိမ်းဝေ ခေါင်းညိတ်ပြလိုက်ပြီးနောက် ထမင်းကြော်ပူပူလေးကို မြန်မြန်ခပ်စားလိုက်သည်။

"ဒေါ်ခက်ခက်ငြိမ်းတို့များ ဘယ်ချိန်ကြည့်လိုက်ကြည့်လိုက် သနပ်ခါးတွေကိုဖွေးနေရောပဲ...ဘယ်သူနမ်းဖို့လိမ်းထားတာလဲ...မဟုတ်မှ အဖေနမ်းဖို့လား..”

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now