အခန်း (၂၅)

9.2K 136 6
                                        

နီရဲနေတဲ့ ဝိုင်တွေကို အရသာခံရင်း သူမရဲ့ ဘဝကို ပြန်တွေးနေမိသည်။

ဝဿန်မိုးတဲ့၊ မေမေက မိုးတွင်းကြီးမှာ သူမကို မွေးခဲ့လို့ ဒီနာမည်ပေးခဲ့တာ၊ ဖေဖေနဲ့ မေမေရဲ့ အချစ်တွေကို သူမပဲ သရဖူဆောင်းခဲ့ရတာ၊ ဖေဖေနဲ့မေမေက ကလေးအတော်ကြာမရနိုင်တာမို့ အဲ့မိန်းမကိုမွေးစားခဲ့တာ၊ ဘယ်လောက်ပဲ မိဘမေတ္တာကို ရခဲ့ပေမယ့် အဲ့မိန်းမက အရာအားလုံးကို ပိုင်ဆိုင်ခဲ့တာ၊ သူငယ်ချင်း၊ ‌ဆရာဆရာမတွေရဲ့အချစ်၊ အလှတရား၊ ဂုဏ်၊ ပညာ နောက်ဆုံး ကိုကို့ကို ပါ အဲ့မိန်းမက ပိုင်ဆိုင်ခဲ့တာ ...

နာကျင်တယ် အဲ့မိန်မ ပျော်ရွှင်နေတဲ့ပုံကို၊ ငယ်ငယ်က အဘိုးအဘွားတွေဆီသွားတိုင်း အမျိုးတွေ အားလုံးက အဲ့မိန်းမကို တော်လွန်းလို့ အမြဲချီးကျူးကြပေမယ့် သူမကိုတော့ လှည့်ကိုမကြည့်ခဲ့ကြတာ၊ တရားကြသလား !! နောက်ဆုံး သူမကိုအချစ်ဆုံးလို့ထင်ခဲ့တဲ့ သူစိမ်းအမျိူးသားတစ်ယောက်ကလည်း အဲ့မိန်းမကိုပဲ ရွေးချယ်သွားတာ ... မုန်းတယ်!! နင့်ကိုသေလောက်အောင်မုန်းတယ်!!! နင် ကာကွယ်ချင်တဲ့၊ စောင့်ရှောက်ချင်တဲ့ နင့်မိသားစုကို ငါက ပြိုကွဲအောင်လုပ်ပစ်ခဲ့တာ !!! နင်အခု မပြုံးနိုင်တော့ဘူးမလား !!! နင်ရောက်ရာအရပ်ကနေကြည့်လိုက်စမ်းပါ ငါဘယ်လိုမျိုး နင့်ယောက်ျားကို ငါ့ယောက်ျားဖြစ်အောင်လုပ်မလဲဆိုတာ ...

🍁🍁🍁

ဖြူ ခေါင်းလျှော်ရေချိုးပြီး ထမီတစ်ထည်ပတ်ကာ ရေချိုးခန်းထဲကနေ ထွက်လာလိုက်သည်။ ဟိုသားအဖနှစ်ယောက်‌ကတော့ ပန်းခြံဆိုပြီးထွက်သွားတာကြောင့် အချိန်ရတာနဲ့ပေါ့ပါးသွားအောင် ခေါင်း‌လျှော်ပလိုက်သည်။

Dryer မသုံးတတ်တဲ့သူမို့ ချည်တဘက်လေးဖြင့်သာ ခေါင်းကို ခြောက်အောင်‌သုတ်နေလိုက်သည်။ စောနက ဖွင့်ထားတဲ့ သီချင်းသံ ငြိမ့်ငြိမ့်လေးက အခန်းရဲ့ အငွေ့အသက်ကို ပိုမိုကောင်းမွန်စေသည်...

We were just kids when we fall in love

Not knowing what it was

I will not give you up this time ...

သီချင်းရဲ့တီးလုံးလေးက လူကိုကျီစယ်နေတာကြောင့် ဖြူ တံခါးဖွင့်သံကို ပင် သတိမထာမိပေ

ဥပက္ခာတံတိုင်းWhere stories live. Discover now