"မရေမရာ တွေဝေကာ...
မှားရွင်းဆုံးဖြတ်မှာ ဆိုးမိတယ်၊
ရောရောထွေးထွေး လာမချစ်နဲ့ကွယ်
တော်ကြာပြင်ရန်ခက်မယ်။မသေမချာ ဖြေသူရယ်....
ခွဲခွဲခြားခြား ပြန်တွေးအုံးကွယ်၊
နောက်တော့မှတို့ကို ဆွေးရအောင်
ယာယီ လာမချစ်နဲ့ကွယ်။"လေသံမှန်မှန်၊ အသံချိုချိုလေးဖြင့် တီးလုံးများပင်မပါပဲ အသံနဲ့သာလျှင် လူ့တစ်ကိုယ်လုံးကို ပျားရည်လောင်းချခံရသလိုပင်။ မှန်ရှေ့ကပါးကွက်ဝိုင်းလေးသည် ခြောက်လက်စဖြစ်နေပုံပင်။ နှုတ်ခမ်းသားများပြုံးကာသီဆိုတော့ ပါးကွက်ဝိုင်းလေးဟာ အပေါ်သို့တွန်းတက်သွားသည်ထင်ရဲ့၊ အကြောင်းရာလေးတောင် ရှိသပါ့။ ခပ်ကျဥ်းကျဥ်းနဖူးပြင်လေးက ဆံမှိတ်တိုတိုလေးများကြောင့် ဖုံးအုပ်နေဆဲရှိသည်။ ရဲနေသော နားရွက်ပါးလေးနှစ်ဖက်က ဆံပင်အနည်းငယ်တို့ကိုထမ်းထားပေး၏။
"အသက်။ အခုတလော သီချင်းတွေ ခနခနဆိုနေသလိုပဲ"
"အင်း ဓာတ်ကျနေလို့"
ပါးလေးများမို့တက်အောင်ပြုံးသည်။ လူလေးလည်းပြည့်လာသည့်အပြင် ပါးလေးများပင်ဖောင်းလို့။ ဥယျာဥ်မှူးကောင်းလို့ထင်ပါရဲ့။
"ဟန့်ကိုကရော"
ချက်ချင်းမဖြေလာပဲ တိတ်ဆိတ်သွားကာ အကြောင်းရာတစ်ခုခုကို စဥ်းစားနေဟန်ဖြင့် ခနအကြာထွက်လာသည့် ဘောက်ဆတ်ဆတ်အသံလေး။
"အဲ့တာတော့ အရင်ပတ်သောကြာနေ့က cafeဆိုင်ထဲက ညနေ၄နာရီ ၅၂မိနစ်မှာ လက်ဆွဲနှုတ်ဆက်ခဲ့တဲ့သူကို သွားမေးလေ"
"ရှင်"
အသက်က ဒါကိုမကြည်သေးတာပဲ။ နှုတ်ခမ်းလေးမသိမသာ ထော်ထားတာကို ရိပ်မိ၏။ နေပါအုံး ကလေးဆန်တတ်လာတာလား။
"အလုပ်သဘောအရလေ"
"ဒါဆို ပန်းလာဝယ်တဲ့ customerတစ်ယောက်ကို
ကျွန်မ လက်ဆွဲနှုတ်ဆက်လို့ရလား"မယားရှိအပျိုကြီးကတော့လေ။
"ဟွန်း အသက်ကလည်း သဝန်တိုလို့မပြီးတော့ဘူးလား"
ကလေးဆန်သည်ထင်နေတဲ့ ဟန့်ကို မျက်စောင်းခဲကာ အောက်နှုတ်ခမ်းလေးကိုပါးပါးလေးကိုက်မိ၏။ စိတ်တွေကိုဖြည်ချကာ

YOU ARE READING
ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [complete]
Short Story~ နှလုံးသားကိုဥပက္ခာပြု၍ ဦးနောက်နဲ့ ရွေးချယ်ရမည်ဆိုရင်တောင် မင်းကရွေးချယ်ဖို့ ထိုက်သင့်တဲ့သူ ~