တိမ်လွှမ်းသောကောင်းကင်
ဒုတွဲ အပိုင်း(၂၁)
ဖြောက် ဖြောက် ဖြောက်...
အဆက်မပြတ်ရွာသွန်းနေတဲ့မိုးဟာ အညိုးကြီးလှစွာ မနက်ကတည်းက ရွာချနေသည်မှာမတိတ်။
ပူတင်းက လကုန် တန်းလက်ထပ်မည်ဆို၍ မင်္ဂလာရက်မြတ်ရွေးရန်အတွက် မေမေတို့က သူတို့ကိုးကွယ်နေတဲ့ တောရကျောင်းက ကျောင်းတိုင်ဆရာတော်ဘုရားထံ လျှောက်ထားမေးမြန်းပြီးနေပြီမို့ ထိုရက်ကိုပဲ မင်္ဂလာရက်အဖြစ် ရွေးလိုက်ကြသည်။
မင်္ဂလာပွဲက သဘက်ခါမို့ ဖိတ်စာတွေလည်း ရိုက်ပြီးနေပြီ။ အသိတွေကို ညနေ လိုက်ဖိတ်ကြားရန်သာ ကျန်၏။
တင် တင်...
ဖုန်းဝင်လာသံကြောင့် ပူတင်း အိတ်ထဲကထုတ်ကာ ကိုင်လိုက်ရသည်။ အလုပ်သာရောက်လာပေမယ့် စိတ်တွေက သမီးဆီမှာ...
ဖုန်းဆက်လာသူက ယုဖြစ်သည်။ ဒီရက်တွေအတွင်း သမီးကို ယုယမေနဲ့ပေးတွေ့တော့ အပျိုကြီးခင်ဗျာ သူ့သမီးကို ခင်တွယ်နေတာကြောင့် ကျောင်းပိတ်ရက်မျိုးတွင် တစ်ပတ်တစ်ရက်လောက် နေကုန် သူတို့အိမ်ခေါ်ထားတတ်လေသည်။
ပူတင်းကလည်း အလုပ်နဲ့မအား။ မေမေကိုလည်း ဝန်မပိစေချင်တာတစ်ကြောင်းကြောင့် သမီးကို ယုနဲ့ စိတ်ချလက်ချပဲ ထားပေးဖြစ်သည်။
ကိုယ့်သမီးဆိုးတာသိသည်။ ဗိုလ်ကျအနိုင်ယူတတ်တာလည်း သိ၏။ မအေရှေ့သာအပိုးကျိုးတာ၊ ကွယ်ရာဆို သမီးက အရွယ်နဲ့မလိုက်အောင် လုပ်ချင်ရာလုပ်တတ်တဲ့ကလေး။
ကလေးမချစ်တတ်ဘူးထင်ရပေမယ့် ယုက သမီးကိုချစ်သည်။ ကိုယ့်သမီးမို့လို့လားတော့ မပြောတတ်။ ကလေးက ဒါဆိုဒါ ဂျစ်တိုက်သမျှ ဖြည့်ဆည်းအလိုလိုက် အကြိုက်ဆောင်သည်။
ဆတ်ဆတ်ကြဲ မဟုတ်မခံ စွာတေးလန်ပါတယ်ဆိုတဲ့ယုခင်ဗျာ သမီးနဲ့မှ အနိုင်ကျင့် ဆိုးနွဲ့သမျှ ခံရတော့၏။ သို့ပေမယ့် ယုက သမီးလေးအပေါ် စိတ်ရှည်သည်းခံပါသည်။ ချစ်တော့ အလိုလည်း အရမ်းလိုက်၏။
လက်သာတော့ သမီးကလည်း ယုကို ခင်တွယ်နေသည်။ ကျောင်းပိတ်ရက်တိုင်း တီတီယုဆီသွားမယ်ပဲ ပြောနေတော့၏။ သို့သော် သူမလောက်တော့မဟုတ်။ သူမနားတဲ့ရက်မျိုး၊ အလုပ်မသွားတဲ့နေ့မျိုးဆိုရင်တော့ ဘယ်လိုပြောပြော သူမအနား တောက်တဲ့လေးလို ကပ်နေနေတော့၏။ ဘယ်လောက်ဆိုးဆိုး ချစ်ဖို့ကောင်းတဲ့သမီးက ပူတင်းတစ်ခွန်းဆိုတစ်ခွန်း။
YOU ARE READING
တိမ်လွှမ်းသောကောင်းကင်...
Romance"ငါ နင့်ကိုချစ်တယ်အလင်း..." "ငါကတော့ နင့်ကိုမချစ်ဘူး... လက်လည်းမထပ်နိုင်ဘူး... ငါအပျော်တွဲတဲ့ရည်းစားဟောင်းတွေတောင် နင့်ထက်အပုံကြီးသာတာ... နင်လိုငတုံးငအကို ငါက ဘာလို့ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်မယ်လို့ ထင်နေတာလဲ? မိဘစကားကိုနားထောင်ပြီး လက်ခံမယ်ထင်ရင် နင...
