အခန်း (၂၄)

9.2K 141 10
                                        

"ခင်...ခင်ဗျားတို့က ဘာလဲ။"

နှုတ်ခမ်း မရဲတရဲ တစ်စုံက စီးကရက် တစ်ခုကို စုပ်ဖွာကာ နှုတ်ခမ်းလေး တွန့်ချိုးရုံပြုံးလိုက်သည်။

"နောက်ဆုံးတော့ မင်းပုန်းနေတဲ့နေရာကိုရှာတွေ့ခဲ့ပြီပဲ။ ကဲ အခုမင်းအလုပ်ကိုလုပ်ရတော့မှာပေါ့"

"မလာနဲ့ ခင်ဗျားတို့ ဘာလုပ်တာလဲ!! ကျွန်တော့်ကို ဘယ်ခေါ်သွားမလို့လဲ!!! အား!!"

💖💖💖

"မာမီ ဝဿန် စိတ်ထဲမှာနေလို့မကောင်းဘူးမာမီ၊ အဲ့လူက သမီးတို့နေခိုင်းတဲ့ နေရာမှာမနေဘဲ ခြေရာဖျောက်သွားတာကိုလည်း စိတ်မချဘူးမာမီ"

"ကိုကို တစ်ခုခုသိသွားရင် ဘယ်လိုလုပ်မလဲ မာမီ!"

ဝဿန် အလိုမကျစွာ အမေဖြစ်သူကို ဂျီကျမိသည်။ ဟုတ်သည်လေ ဒီကိစ္စကြီးရဲ့ အဓိကသော့ချက်ဖြစ်တဲ့သူက ပျောက်နေတာ သူမ ဘယ်လိုခံစားရမလဲ။ ထမင်းစားရင်တောင် မျိုမကျတဲ့ဘဝ ‌လမ်းလျှောက်ရငိတောင် နောက်ကျော မလုံတဲ့ဘဝ ရောက်နေပြီ။

"တိတ်စမ်းသမီး ဒီလိုမျိုး ပုံစံပျက်နေတော့ရော အရာအလုံးက ဖြေရှင်းပြီးသွားမှာတဲ့လား။ သမီးဒယ်ဒီကြည့်ရှင်းနေတာပဲ။ အဆင်ပြေသွားပါလိမ့်မယ်"

တစ်ခါတစ်ရံမှာ လူတစ်ချို့က လူအများပြောကြတဲ့ အမှန်တရားကသာ အောင်န်ိုင်လိမ့်မည်ဆိုတာကို သဘောမပေါက်ကြတာများလား...

💋💋💋

"သမီးလေး သမီးလေးအတွက် ဒယ်ဒီ ချောကလက်တွေဝယ်လာတယ်ကြည့်စမ်း"

ဖြူ အဝတ်ခေါက်ရင်းနဲ့မှ သမီးဖြစ်သူရှေ့မှာ KitKat ချောကလက်ဘူးတွေကို ထုတ်ပြနေတဲ့ ထိုလူကို မျက်စောင်းထိုးလိုက်သည်။ သူမသမီးကို အဝလွန်စေချင်တာများလား။ သူမသူ့ကို လာခိုင်းလိုက်တဲ့ အချိန်မှစပြီး အခုချိန်ထိဆို တစ်လလောက်ရှိရော့မယ်။ နေ့စဉ် သူမသမီးအတွက်ဝယ်လာတဲ့ မုန့်တွေက supermarket ဖွင့်စားလို့တောင်ရလောက်သည်။

"သမီးကို အချိုတွေ သိပ်ကျွေးမနေနဲ့တော့နော် ကလေးက ချွဲကြပ်လိမ့်မယ်"

"ကိုယ်က ကိုယ့်သမီးကို အကောင်းစားတွေချည်းပဲဝယ်ကျွေးတာ ချွဲမကြပ်ဘူး"

ဥပက္ခာတံတိုင်းWhere stories live. Discover now