(7)လက်ထပ်လက်စွပ်
ကျင်းရန်တို့နှစ်ယောက် အိပ်ဆောင်အခန်းထဲသို့ ပြန်ရောက်ချိန်တွင် ခယ့်ရန်နှင့် ကျိယွမ်ရှီးတို့က ပြန်မလာသေးချေ။
ရှန်ကျစ်ရှောင်းက လေအေးပေးစက်ကို အလျှင်အမြန်ဖွင့်လိုက်ပြီး လေထွက်ပေါက်မှ လေများကို ပြင်းပြင်းထန်ထန် မှုတ်ထုတ်စေလိုက်သည်။
ကျင်းရန်ကတော့ ရေချိုးရန်အတွက် ရေချိုးခန်းဆီသို့သာ တည့်မတ်စွာ ဝင်သွားခဲ့ပြီး လန်းဆန်းစွာပြန်ထွက်လာပြီးသည့်နောက်တွင် ရှန်ကျစ်ရှောင်းနှင့်အတူ နှစ်ယောက်တွဲဂိမ်းကစားရန် ဝင်လိုက်သည်။
ရှန်ကျစ်ရှောင်းက C တည်နေရာအား ရွေးချယ်ခဲ့ပြီး သူ့ကို carryလုပ်ပေးရန် တောင်းဆိုလာခဲ့သည်။ ကျင်းရန်က သူ့အား နို့နည်းနည်းတိုက်ပေးခဲ့သော်လည်း C တည်နေရာတွင် ရှိနေသည့်အပေါ်မှာ ဒေါသထွက်နေခဲ့သောကြောင့် သူ့လက်နှင့် သေနတ်ကို ရိုးရှင်းစွာ ထုတ်ယူလိုက်ပြီး ဂိမ်းထဲတွင် အကောင်းဆုံးသော လှပသည့် triple kill ဖြင့် အဆုံးသတ်ကာ ပြန်ထွက်လာခဲ့သည်။
ရှန်ကျစ်ရှောင်း : "ဖာ့ခ်! ကျင်းရန် မင်းငါ့ကို ဘာလို့နို့မပေးတာလဲ!"
ကျင်းရန်၏ လေသံက ပေါ့ပါးနေခဲ့သည်။
"ငါသာ အမြန်သတ်နိုင်သရွေ့ ငါ့အသင်းဖော်တွေက ငါ့ဆီကနို့ကို မလိုတော့ဘူး"
ရှန်ကျစ်ရှောင်းက နားကြပ်ကို ချွတ်လိုက်ပြီး စားပွဲပေါ်သို့ ပစ်ချလိုက်သည်။ သူ့အနေနဲ့ လက်ရှိတွင် ဒေါသထွက်နေခဲ့သောကြောင့် ဆက်လက်ဆော့ကစားချင်စိတ်မရှိဘဲ ခဏမျှ ရပ်တန့်ချင်နေခဲ့သည်။
ထိုအခိုက်တွင် အောက်ထပ်မှ ဆူညံသံများကြားရပြီး ထိုနေရာတွင် အလွန်သက်ဝင်လှုပ်ရှားနေပုံရသည်။
"ကျင်းရန်၊ ကျင်းရန်!"
ကျင်းရန် သူ့၏ နားကြပ်ကို ချွတ်လိုက်ပြီး ပြန်မေးခဲ့သည်။
"ဘာလဲ"
ရှန်ကျစ်ရှောင်းက လသာဆောင်ဘက်သို့ လက်ညှိုးထိုးပြလာခဲ့သည်။
"အပြင်ဘက်မှာ တစ်ခုခုကစားနေကြတဲ့ပုံပဲ"
ကျင်းရန်သည်ကား ပျော်ရွှင်စရာပွဲများတွင် ပါဝင်ရသည်ကို ကြိုက်နှစ်သက်ခြင်း မရှိသူဖြစ်သောကြောင့် ထူးမခြားနားစွာဖြင့်သာတုံ့ပြန်ခဲ့ချေသည်။

YOU ARE READING
ကျောင်းမြက်လေးနှင့် လက်ထပ်ပြီးနောက်..
Romance_college _fallsinlovefirst _first-time firstlove _loveatfirstsight _obsessivelove _romance _secret crush _straight _ukestrong _university _wealthycharacters _youngerlove