[Unicode]
လွန်းညကညည့်နက်မှ အိပ်ခဲ့လို့လားမသိ မနက်ထတော့ နေတောင်အတော်မြင့်နေပြီ၊၊ကုမ္ပဏီသွားရင်လည်းမမှီတော့ဘူး၊၊
အဲ့တာကြောင့်ခွင့်တိုင်လိုက်ပြီး.., မီးဖိုချောင်ထဲဝင်ပြီးမနက်စာ စားဖို့ပြင်လိုက်တော့သည်၊၊လွန်း မနက်စာစားပြီးတော့ အိမ်သန်ရှင်းရေးတွေလိုက်လုပ်ပြီး လျှော်ရမဲ့အဝတ်တွေလည်းလျှော်ပြီး နေပူထုတ်လှန်းလိုက်သည်၊၊
အကုန်လုံးပြီးတော့ လွန်းထိုင်ခုံလေးမှာထိုင်နေတုန်း ကားတစ်စီးဝင်လာသည်၊၊ကားပေါ်က ဆင်းလာတာဟာ မောင်ပါလေ.."
လွန်း မောင့်ကိုတွေ့ရလို့အရမ်းပျော်သွားပေမဲ့..မောင်မျက်နှာဟာ တစ်ခုခုကိုစိတ်အရမ်းဆိုးလာသည့် ပုံစံ...
လွန်းရှိတည့်တည့်မတ်မတ်လာနေတဲ့မောင့်ကို
"မောင်..လွန်းရှိလာတာလားဟင်.."
"ဖြောင်း...မင်းလိုကောင်က မ ကိုဘာသွားပြောတာလဲ့.."
"မောင် ငါ ငါဘာပြောမိလို့လဲ.."
"အခုမှမေ့နေတာလား...မ ကမင်းကိုအေးအေးဆေးဆေး စကားပြောတာကိုမင်းက လူပုံအလယ်မှာ မ ကိုအော်တယ်ဆို...မ ကိုပြောတာလည်းရစရာမရှိဘူးတဲ့..."
"မောင်..ငါကအဲ့လိုလုပ်မဲ့လူမျိုးလား.."
မောင်ဟာ လွန်းရှင်းပြတာကိုလက်မခံပဲ..ခါးကနေခါးပတ်ကိုထုတ်လိုက်ပြီး..
ရွမ်း..ရွမ်း..ရွမ်း..
"အ့..အ့..မောင်မရိုက်ပါနဲ့..အား..မလုပ်ပါနဲ့မောင်ရယ်..."
ကောင်းမြတ် ကြမ်းပြင်ပေါ်မှာကျုံကျုံလေးထိုင်နေတဲ့ လွန်းအပေါ် ခါးပတ်နဲ့မနားတမ်းရိုက်ချင်များနဲ့ ရိုက်နေ၏၊၊
"မင်းလိုကောင်မျိုးကို တွဲခဲ့မိတာ ငါ့အမှား...မ ကပြောသေးတယ်..ငါကိုမင်းကပညာသင်ပေးခဲ့တာက..ငါကိုခိုင်းစားဖို့သက်သက်ပဲတဲ့..."
"မောင်..ငါအဲ့တာတွေတကယ်ငါ့မပြော..အ့..အား..မောင်ရယ် ငါအသားတွေနာနေပါပြီမောင်ရယ်..မရိုက်ပါနဲ့တော့.."
"မင်းလို့ကောင်မျိုးကို စောင့်မှတ်ရှိသွားအောင်လုပ်ပေးရမယ်..."

YOU ARE READING
မှားယွင်းခဲ့သောရင်ခုန်သံ [Ongoing]
Romanceကို့ကိုယ်မချစ်တော့တဲ့သူတစ်ယောက်ရှိမှာအချိန်ကုန်ခံမနေပါနဲ့ တစ်ချိန် ချိန်မှာ ကို့ကိုယ်ချစ်တဲ့သူပေါ်လာအုံးမှပါ.. Uke ဖောက်ပြန်ခံရတဲ့fic လေး