Extra [1]

1.3K 58 4
                                    

ကောက်ခဲ့မိတဲ့ သက်ရှိလေးဟာ ~
နှင်းဆီပန်းလေးတစ်ပွင့်လား
ဒါမှမဟုတ် နှလုံးသားလေးများလား။

"ဟိတ် ဟင် ဖုန်းကြည့်နေတာလား။ စာကြည့်နေတယ်ထင်တာ"

ကုတင်ပေါ်မှာ စာအုပ်ကြီးထောင်ပြီး ဖုန်းသုံးနေတဲ့ ပေါက်စလေးနှစ်ကောင်ပါလေ။ တီတီလရိပ်ညိုရဲ့ အသံလည်းကြားရော မျက်နှာချိုလေးသွေးကာကြည့်သည်။ သူ့ရဲ့မားမားလိုပဲ။

"ဟီး"

"လာ ဒီကိုလာ။ ကျွန်မမှာရှာလိုက်ရတာ။
ရှင်လေးတို့ကဖုန်းကြည့်ပြီး ငြိမ်နေကြတယ်ပေါ့လေ"

လရိပ်ညို ကျွန်မလို့သုံးတာ ဒါပထမဦးဆုံးပင်။ ဒီကလေးတွေရှေ့မှာပေါ့။ အသက်အရွယ်အရလည်း သူတို့လေးတွေရဲ့အဒေါ်ဖြစ်နေပြီဆိုတော့ အနည်းငယ်တော့အကျင့်ပါနေသား။

"တီတီညိုကလည်း သမီးတို့ကအခုမှကြည့်တာပါ"

"အင်းလေ"

မူရာ့စကားကို ခွန်းခ ကမေးငေါ့ပြပြီးစကားနှင့် ထောက်ခံသည်။

"အခုတော့မကြည့်နဲ့တော့။ တီတီနဲ့ဆော့မယ်"

"တီတီ တစ်ယောက်ထဲလား"

"ကျွန်မကိုကို ပါပါတယ်ရှင့်"

"အဲ့တာမေးတာမဟုတ်ဘူး။ တစ်ခြား...."

မူရာလေး ဘာမေးချင်နေလဲဆိုတာ လရိပ်သဘောပေါက်သည်။
ငယ်ငယ်ကသူ့အကျင့်တွေဖြစ်သည့်အတွက် ဒီလောက်တော့အကဲပေါက်သင့်သည်။

"တီတီဟန်တို့၊ တီတီနှင်းတို့ ရှိရင်လည်းရှိမှာပေါ့။ မပြောတတ်ဘူး။"

"တီတီနဲ့ပါမလာဘူးလား"

"ပါမလာလို့မသိတာပေါ့လို့ သာလိကာလေးနှစ်ကောင်ရဲ့"

"ခွန်းခ အဲ့တာစိတ်ဝင်စားတယ်။ မမနောင်နေလင်းစေကလည်းပြောတယ်။ ခွန်းခကိုသာလိကာတဲ့။ အဲ့တာဘာအဓိပ္ပါယ်လဲဟင်"

အနောင်လေးကခွန်းခကို သာလိကာလို့ပြောတယ်ဆိုတော့ လရိပ်ညို အဲ့နားတင်သွားပင်မစိနိုင်။ အနောင်လေးငယ်ငယ်တုန်းကဖြင့် ခွန်းခထက်တောင် စကားများသေး။ ဟိုစပ်စပ်၊ ဒီစပ်စပ်နဲ့ အငြိမ်ကိုမနေတာ။ ဒါကိုပင် ကလေးကိုပြန်ပြောသွားသေး။

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [complete]Where stories live. Discover now