#Unicode
အရှင်သခင်၏ ကြင်ယာတော်ဖြစ်ချင်ကြသည်က ကိုယ်လုပ်တော်များ၏ အိပ်မက်။ ထိုအိပ်မက်အတွက်လည်း အချင်းချင်း ပြိုင်ဆိုင်နေကြသည် ။ ယွီဟွာအုပ်ချစ်သူ၏ ကိုယ်လုပ်တော်ဆိုသည့် ဂုဏ်ပုဒ်က တော်ရုံတန်ရုံနှင့်မရသလို ကြင်ယာတော်ဆိုသည့်ရာထူးသည်လည်း အလွယ်တကူနှင့်မရရှိနိုင်ပေ ။ အုပ်ချုပ်သူ ချစ်ခင်စုံမက်သည့် ယောက်ျားတစ်ဦးတည်းကသာလျှင် ထိုမဟာအခွင့်အရေးကိုရလိမ့်မည် ။ အဲ့ဒီအခွင့်အရေးအတွက်လည်း အသည်းအသန်ကြိုးစားနေကြ၏ ။ ထိုအထဲတွင် ဘဲ့လ်ဂျယ်ဟန်က အဆိုးဆုံးဖြစ်နိုင်သည် ။
အရှင်သခင်ရိုက်ထားသည့်ပါးကို ကိုင်ကြည့်ရင်း ဘဲ့လ်ဂျယ်ဟန်မဲ့ပြုံးပြုံးလိုက်သည်။အဲ့ဒီအတွက်လည်း အရှင်သခင် ကောင်းကောင်း ပြန်ပေးဆပ်ရလိမ့်မည် ။
'ငယ်ငယ်ကတည်းက ကျွန်ုပ်ကြည့်လာခဲ့တာ အရှင်သခင်တစ်ယောက်တည်းကိုပဲ~ အဲ့တာကြောင့် အရှင်သခင်ကလည်း ကျွန်ုပ်ကိုပဲကြည့်ရမယ်'
အရှင်သခင့်အချစ်ကိုမရနိုင်သေးသည့်အချိန်တွင် အရှင်သခင့်ရဲ့ အလေးပေးမှုကိုပါဆုံးရှုံးခဲ့ရသည် ။ အရှင်သခင်က Kim Seok Jinအား ကာကွယ်ပေးနေသည့်ပုံစံကို ဂျယ်ဟန့်မျက်လုံးထဲကမထွက်ပေ ။ အရှင်သခင်အလေးပေးဆက်ဆံသည့် လူတိုင်းကို ဂျယ်ဟန်မုန်းသည် ... အခုအခါမှာတော့ အမုန်းဆုံးလူက Kim Seok Jin ပါပင်။
'မင်းက ငါ့မျက်စိထဲကို ကိုးလိုးကန့်လန့်နဲ့ဝင်လာတာပဲ Kim Seok Jin.... မင်းငါ့ကိုအပြစ်မတင်နဲ့ ~ အရှင်သခင့်အလေးပေးမှုကိုခံလိုက်ရတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်နေလိုက်'
ဂျယ်ဟန်၏ တခြားတစ်ဖက်က နတ်ဆိုးတစ်ပါးလိုပင် ကြောက်မက်ဖွယ်ကောင်းလှသည် ။ သူက မထိသင့်သည့်အဆိပ်ပန်းလိုမျိုး.....
***
Taehyung ရဲ့နှလုံးသားထဲသို့ Jeon Jungkook ဆိုသည့်လူသားက Taehyung ကိုယ်တိုင်တောင်မသိလိုက်ဘဲ တိုးဝင်လာနိုင်ခဲ့သည် ။ ထိုအရာကို Taehyung ကိုယ်တိုင်တောင် သေချာမသိသေးပေ ။ Jungkook ရဲ့အပြုံးတွေ ၊ စကားသံချိုချိုလေးတွေ ၊ ချွဲနွဲ့တတ်သည့် ကလေးဆန်ဆန်အမူအကျင့်လေးတွေ ၊ ဂရုစိုက်မှုလေးတွေ စသည်ဖြင့် အရာအားလုံးက Taehyung ရဲ့နှလုံးသားကို တုန်လှုပ်စေသည် ။ Taehyung သတိမထားမိလိုက်ပါဘဲ Jeon Jungkook က Taehyungရဲ့နေ့စဥ်ဘဝအတွက်အရေးပါလာခဲ့၏။

YOU ARE READING
My Dangerous Husband
FanfictionGay ဆိုတာကိုလက်မခံနိုင်တဲ့ Kim Taehyung ဆိုတဲ့ အဖြောင့်ကောင်လေးတစ်ယောက် ကျိန်စာတစ်ခုကြောင့် ယောက်ျားတွေပဲရှိတဲ့တိုင်းပြည်တစ်ခုကိုရောက်လာခဲ့ပြီး ယောက်ျားများစွာရဲ့ နှစ်သက်စွဲမက်ခြင်းကိုခံရတဲ့အခါ....