"သူ့ရဲ့သတင်းအတွက် ကျွန်မတကယ်စိတ်မကောင်းပါဘူး"
နှင်းဆီသူမရှေ့မှာ ကျကျနန ထိုင်ကာ ကော်ဖီကိုစိမ်ခံသောက်နေတဲ့ အဏ္ဏဝါကို စကားဆိုလိုက်သည်။
"ဒါနဲ့ဆိုကျွန်တော်တို့ရဲ့ ဒုတိယအကြိမ်မြောက်တွေ့ဆုံခြင်းပေါ့နော်"
အဏ္ဏဝါက သူမရဲ့ စကားကို လျစ်လျူရှုကာ စကားလမ်းကြောင်းလွှဲလိုက်သည်။ တကယ်တော့ မြနဲ့ နှင်းဆီက ခင်တာ အတော် ကြာနေပြီဖြစ်တဲ့ သူငယ်ချင်းတွေဖြစ်သည်။ လိုင်းပေါ်ကနေ ခင်မင်ခဲ့ကြတဲ့ သူမတို့နှစ်ဦးဟာ အပြင်မှာ နှစ်ကြိမ်လောက်သာ ဆုံတွေ့ဖူးသည်။ ဒုတိယ အကြိမ်မှ နှင်းဆီဟာ အဏ္ဏဝါကို မြရဲ့ ချစ်သူအဖြစ် တွေ့ဖူးတာဖြစ်သည်။
"ကျေးဇူးတင်ပါတယ်။ ကျွန်မကို ဆက်သွယ်ပေးခဲ့လို့၊ ဒါပေမယ့် အဆင်ပြေရဲ့လား ကိုအဏ္ဏဝါ၊ မြနဲ့ သဒ္ဒါဖြူက အတော် တူတယ်။ ရှင်တကယ်ပဲ..."
"ဟွန့်"
"ဘာလဲ မနှင်းဆီရိပ်ရဲ့ယောင်းမကို ကျွန်တော်စိတ်ဝင်စားသွားမှာ စိုးရိမ်နေတာလား"
အဏ္ဏဝါရဲ့ပြောစကားကို နှင်းဆီမျက်စောင်းကြီးကြီးနဲ့ တုံ့ပြန်လိုက်သည်။
"ဪ ကိုအဏ္ဏဝါ မြကို စိတ်ဝင်စားတုန်းက အိပ်ဆေးပေးပြီး ကားတင်ပြေးခဲ့တာေလ ကျွန်မမစိုရိမ်ဘဲနေမလား"
အဏ္ဏဝါ နှင်းဆီရဲ့ စကားကို နှုတ်ခမ်းလေးတွန့်ရုံသာပြုံးလိုက်သည်။ ဘယ်သူထင်မှာလဲ မြရဲ့ အရင်းနှီးဆုံးနဲ့ ရင်ဖွင့်ခဲ့ရတဲ့ နှင်းဆီရိပ်ဆိုတဲ့ အမျိုးသမီးဟာ မြ ညီမရဲ့ ယောင်းမဖြစ်နေလိမ့်မယ်လို့ ...
"ကျွန်တော်က ကျွန်တော့်မိန်းမရဲ့ ဆန္ဒတစ်ခုကိုဖြည့်ဆည်းပေးရုံပါ။ ဒီ့ထက်ပိုပြီး ဘာမှမပိုပါဘူး။ ဒါနဲ့ ကျွန်တော်နဲ့ စကားပြောချင်တယ်ဆိုတာ ဒါတင်မကလောက်ဘူးထင်တယ်နော်"
"အဲ့ အိမ်တော်ထိန်းလေးကို ရှာမတွေ့သေးဘူးလားလို့ မေးချင်တာပါ။ "
ပွင့်ပွင့်လင်းလင်းနဲ့ ဒဲ့ဒိုးသာ နှင်းဆီမေးပလိုက်သည်။
အဏ္ဏဝါက နောက်ထပ် ကော်ဖီတစ်ကျိုက်သောက်ရင်း...
"အဲ့ကိစ္စက ငါးစာချပြီးသားဖြစ်တာမို့ သားကောင်က အဲ့အစာလာဟပ်တာနဲ့ အဆင်ပြေသွားပါလိမ့်မယ်"

YOU ARE READING
ဥပက္ခာတံတိုင်း
Romanceသမီးလေးကို ဖြူ့လို ဥတစ်လုံးတစ်ကောင်ကြွက်မဖြစ်စေချင်လို့ အကို့ကို ကပ်တွယ်မိခဲ့တာပါ။ ဖြူ့ရဲ့ အမှားကို ဖြူသိသလို ဖြူကိုယ်တိုင်လည်း အဲ့ အမှားကို ပေးဆပ်မှာပါ ... ဒါပေမယ့် အကိုရယ် အကို့ သွေးသားလေးကိုတော့ အကို့ရဲ့ နွေးထွေးမှုလေး နည်းနည်းတောင် မပေးနိုင်ဘူး...