U
Vote 50မပြည့်သေးပေမယ့်တင်ပေးချင်လို့လာတင်ပေးတာ
ဒီအပိုင်း vote ပေးကြရင်နောက်တစ်ပိုင်းကိုမြန်မြန်လာတင်ပေးမယ်✌️
Ficအသစ်တင်ထားတယ်သွားဖတ်ပေးကြပါအုံး
...
- paid channel ပြီး✓
- ဝင်ကြေး 2000
- Wave/ Kapay only
- tg acc - @milk_fav
- paid တွင်တစ်နေ့တစ်ပိုင်း
-tg ch- @balar_balar_1
အပိုင်း 6
"ကိုကြီးလယ်ထဲသွားမလို့လားဟင်"
"ဟုတယ် ယုကအိမ်မှာလိမ်လိမ်မာမာနေခဲ့နော်"
အဆိုးလေးယုကသူ့စကားကိုနားမထောင်ပါ ဂျစ်တိုက်လာတော့သည်။
"ကိုကြီးကလဲ ဘာလို့အဲအလုပ်တွေလုပ်နေမှာလဲပိုက်ဆံလိုရင်ပါးပါးစီဖုန်းဆက်တောင်းယုံပဲ အေးအေးဆေးဆေးနေစမ်းပါ"
"ကိုကြီးက ကိုကြီးကိုယ်တိုင်ရှာထားတဲ့ပိုက်ဆံနဲ့ယုကိုရှာကျွေးချင်တာ"
သှိုမှိုင်း၏စကားကအလုပ်ဖြစ်ပုံ၊ ယုကသူ့အတွက်ဆိုသောစကားလေးတစ်ခုနှင့်တင်အရမ်းကိုကျေနပ်နေပြီဖြစ်သည်၊ ယုမျက်နှာလေးကအမြန်ပင်ပြုံးရိပ်သန်းလာတော့သည်..။
"ဒါဆိုလယ်ထဲကို ယုလဲလိုက်မယ်"
"မဖြစ်ပါဘူးကွာ ယုညကပင်ပန်းထားတယ်မဟုတ်လား"
ထိုအခါယုနှုဆ်ခမ်းလေးကစူထော်လာသည်၊ သှိုမှိုင်းအသဲတွေယားလာတော့သည်၊ ဒီကောင်လေးက တစ်ဖက်သားကိုအရမ်းပြုစားနိုင်တယ်။
"ယုကိုကြီးလုပ်ပေးတဲ့ဆန်ပြုတ်လဲသောက်ထားတယ် ခုနေလို့ကောင်းနေပါပြီ ယုလဲလိုက်မယ်နော်ကိုကြီး..နော်..နော်"
ကလေးတစ်ရောက်လိုသူ့အားချွဲနေသောယုကကလေးလေးတစ်ရောက်အလား၊ သူ့လက်တွေကိုစုပ်ကိုင်၍လှုပ်ရမ်းကာယုကသူ့အား ဂျီကျသည်၊ နောက်ဆုံးတော့လဲချစ်ရသူအလိုအတိုင်းဖြစ်စေတော့သည်။
"အင်းယုသဘော ဒါပေမယ့်ဟိုရောက်ရင်သစ်ပင်ရိပ်မှာထိုင်နေရမှာနော်"
"ဟုတ်"
လိုချင်တာရသွားသောယုကပျော်ရွှင်သွားဟန်၊ ပြီးနောက်ယုကလယ်ထဲကိုလိုက်မှာဖြင့်သဖြင့် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်နှင့်ကိုကြီးပေးသောခမောက်တစ်ခုအားဆောင်းလိုက်သည်၊ အကုန်ပြည့်စုံသောအခါသူနှင့်ကိုကြီးလယ်ထဲသို့နှစ်ရောက်သားသွားကြသည်။
YOU ARE READING
အေးချမ်းသောရပ်ဝန်း {Completed}
Actionကျွန်တော့အတွက်တော့ကိုကြီးရှိတဲ့နေရာကအေးချမ်းတဲ့ရပ်ဝင်းလေးပါပဲ.."
