![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. D E A R A Z E N D R A
"မျှော်လင့်ချက်နတ်ဘုရားဝင်ပါလို့
မဖြစ်တဲ့ကိစ္စပါ"အန်ဒရီယာ့ကိုစိုက်ကြည့်လာတဲ့မဟူရာမျက်ဝန်းတို့က လွတ်လမ်းမရှိတဲ့ အသူရာချောက်တစ်ခုလို မှောင်မိုက်လွန်းသည်။
"အရုဏ်တက်နတ်ဘုရားနဲ့ ပက်သတ်နေတဲ့ ကိစ္စပဲ၊ မျက်ကွယ်မပြုနိုင်ပါဘူး"
အန်ဒရီယာ့စကားကြောင့် အရုဏ်တက်နတ်ဘုရားရဲ့ စိုက်ကြည့်အားက ပိုအားပြင်းလာပြီး ဒေါသအခိုးအငွေ့တို့ ခပ်ရေးရေးလေး ကပ်ပါလာသည်။
"မျှော်လင့်ချက်နတ်ဘုရားလို နူးညံ့မှုတွေနဲ့ အသားကျနေတဲ့ နတ်ဘုရားတွေအတွက်
မသင့်တော်တဲ့ တိုက်ပွဲပါ၊ ပြီးတော့ ထမ်းဆောင်စရာ တာဝန်တွေရှိတယ်မလား၊ တာဝန်တွေကိုပဲအာရုံစိုက်ပါ""သေဆုံးခြင်းနတ်ဘုရားတောင် အမှောင်ထု
နတ်ဘုရားကို ကူပေးဖို့ရာ တာဝန်တွေကိုလစ်ဟင်းနေတာပဲ""သေဆုံးခြင်းနတ်ဘုရားဆိုတာ ကြမ်းတမ်းခြင်းတွေ၊ ပျက်သုဉ်းခြင်းတွေနဲ့ အသားကျနေပြီးသားပါ၊ မျှော်လင့်ချက် နတ်ဘုရားကတော့ မတူဘူး"
"အဇန်ဒရာ သဘောတူသည်ဖြစ်စေ၊
မတူသည်ဖြစ်စေ တတ်နိုင်တဲ့ဘက်ကကူဖို့ကြိုးစားမှာပါ၊ အဇန်ဒရာ""နောက်ဆုံးသတိပေးတာပါ၊ မျှော်လင့်ခြင်း
နတ်ဘုရား ဝင်မပါ,ပါနဲ့""သတိပေးတာက အဇန်ဒရာ့ သဘောပါပဲ၊
ဝင်ပါတယ်၊မပါဘူး ဆုံးဖြတ်ချက်ကတော့
ကိုယ့်လက်ထဲမှာပါ"အဇန်ဒရာ့မျက်ဝန်းတို့က အသူတရာချောက်သဖွယ် အန္တရာယ်များလှသော်ငြား အန်ဒရီယာ့မျက်ဝန်းထဲက မေတ္တာငွေ့ကတော့ဖြင့် အနည်းငယ်မျှ ပြယ်မသွားပါချေ။ အဇန်ဒရာ့ကိုဆံခြည်တစ်မျှင်သော်မျှ အထိအခိုက်မခံချင်တာက အန်ဒရီယာ့စိတ်ရင်းပါလေ။
