Episode 7

3.7K 344 21
                                        

#Unicode

Jungkook နှင့် Jimin တစ်ယောက်ကိုတစ်ယောက်ကြည့်၍ အကဲခတ်နေမိကြသည်မှာ အချိန်အတော်ကြာပြီဖြစ်သည် ။ တစ်ယောက်မှစကားစပြီးမပြောဖြစ်ဘဲ အသံတိတ်သာအကဲခတ်နေကြလေ၏ ။ နောက်ဆုံးမှာတော့ Jimin မနေနိုင်တော့၍ စကားစရတော့သည် ။

"မင်း ဘာလိုချင်တာလဲကောင်စုတ်လေး... မင်းငါနဲ့ ဆွေးနွေးချင်တာကဘာလဲ"

Jungkook ကမထိတထိပြုံးလာသည် ။

"ခင်ဗျား Min Yoongi ကိုလိုချင်တယ်မလား~ ဒါဆိုရင် အလုပ်ဖြစ်ပြီ ။ ကျုပ်တို့က တစ်လမ်းတည်းသွားနေတဲ့ မိတ်ဆွေတွေဖြစ်လာမှာ"

Jimin စူးစမ်းသလိုကြည့်လိုက်ပြီး မျက်လုံးများပြူးထွက်သွားသည် ။ ထို့နောက်သူသည် အလန့်တကြားထအော်လေတော့၏။

"မင်းလည်း Min Yoongi ကိုကြိုက်နေတာလား!"

Jungkookသည် Jiminအား ဒုံးဝေးရန်ကောဆိုသည့်အကြည့်ဖြင့် ဘုကြည့်ကြည့်လိုက်သည် ။

"ဖြစ်နိုင်မလား! အဲ့ဒီလိုသာဆိုရင် ဘယ်လိုလုပ်ပြီး တစ်လမ်းတည်းသွားတဲ့မိတ်ဆွေတွေဖြစ်ပါ့မလဲ"

Jimin စိတ်ပေါ့သွားဟန်ဖြင့် သက်ပြင်းချလာသည် ။ သူ့အတွက်တော့ Min Yoongiကို မည်သူနှင့်မျှမလုရလျှင်ပိုကောင်းသည် ။ အရှင်သခင်တစ်ယောက်နှင့်တောင် အတော်လေး ခြေကုန်လက်ပန်းကျနေလေပြီ ။ တခြားတစ်ယောက်နှင့်လည်း ထပ်ပြီးမလုချင်တော့ပေ ။ Min Yoongi အဲ့ဒီလောက်အထိ နာမည်ကျော်ကြားမနေဖို့ဘဲဆုတောင်းသည် ။

"ဒါဆိုရင် မင်းက ..."

"ကျုပ်က Jeon Jungkook ... အရှင်သခင်အလေးပေးထားတဲ့ ကိုယ်လုပ်တော်ကိုခင်ဗျားမသိဘဲမနေပါဘူး"

"အော.. အဲ့တာမင်းကိုး ။ အရှင်သခင် သည်းသည်းလှုပ်ခဲ့တာလည်းမမှားပါဘူး ... မင်းက ငယ်ရွယ်မှုရဲ့ဂုဏ်တွေအပြည့်နဲ့ နုပျိုပြီးလှသွေးကြွယ်နေတဲ့ကောင်လေးပဲကိုး..."

Jungkookရဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေ ၊ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းရဲရဲလေးတစ်စုံ ၊ ဖြူဆွတ်နူးညံ့ကာ လှပလွန်းသည့် အသားအရေ ၊ ပြေပြစ်လှသည့် ခန္ဓာကိုယ် အချိုးအစား .. အားလုံးကို ခြုံငုံကြည့်လိုက်လျှင် Jeon Jungkook ဆိုသည်မှာ အလွန်လှပကျော့ရှင်းသော ကောင်လေးတစ်ယောက်ပင်ဖြစ်သည် ။ အသက်အရွယ်အားဖြင့်လည်း ၁၈နှစ်သာရှိသေးသည်မို့ ငယ်ဂုဏ်အပြည့်ပင် ။

My Dangerous HusbandWhere stories live. Discover now