အပြန်လမ်း၌
"ဖို့ဖို့ အစောနက လူက ဘယ်သူလဲ? အစ်ကို့ကို ပွင့်ပွင့်လင်းလင်းပြောပြ အစ်ကိုက Nongကို ဘာမှပြောမဲ့ သူမျိုးမဟုတ်တာကို သိတယ်မလား"
"စိတ်ရှုပ်စရာလူပါ ဒီလောက်ပဲသိထားပေး အကြောင်းစုံကို P'သိစရာမလိုသလို သိဖို့လဲမလိုအပ်ဘူး အခုလက်ရှိမှာ P'ရဲ့ ချစ်သူက ကျွန်တော်ပဲ ကျန်တာတွေမသိချင်နဲ့"
"အင်းပါ Nongက မသိစေချင်ရင် မသိချင်တော့ပါဘူး"
အဲ့လိုပဲ လူတွေရေ ကျွန်တော့်ရည်းစားလေးက ဘုကလန့်လေး ဆိုပြီး စိတ်ထဲကနေ Satangတစ်ယောက် အော်နေလေရဲ့ အပြင်မှာကတော့မပြောရဲဘူး ပြောလို့လဲမရဘူးလေ ကောက်စိန်လေးက စိတ်ကောက်သွားမှ ပြန်ချော့ရခက်တယ်ဗျ
P'ကို အားနာပေမယ့် ကျွန်တော်စိတ်တိုနေတဲ့အရှိန်နဲ့ စကားအကောင်းပြန်မပြောမိဘူး ဒါပေမယ့် P'က ကျွန်တော်ဘာလုပ်လုပ် ခွင့်လွတ်ပေးမယ့်သူဆိုတာ ကျွန်တော် သေချာပေါက်သိနေတာမို့ ကျွန်တော်တစ်နေ့ကျရင်တော့ စိတ်ရှင်းရှင်းနဲ့ P'ကို ပြောပြပါ့မယ် ဆိုပြီး စိတ်ထဲကနေပဲ တောင်းပန်ပြီး ကတိပေးလိုက်တယ်
****
Boss စုံစမ်းခိုင်းထားတာသိရပါပြီ အဲ့ဒီလူက ဖို့ရဲ့ ရည်းစားတဲ့ သူ့နာမည်က Satang ပါ သူ့မှာ ညီမလေးတစ်ယောက်ရှိပါတယ် သူတို့က ချင်းမိုင်ဘက်ကပါ သူနဲ့ ဖို့နဲ့ကြိုက်တာ မကြာသေးပါဘူး ဖို့ကိုလဲ အရမ်းချစ်ပြီး အလိုလိုက်တယ်လို့ သိထားပါတယ်"မင်းကိုမေးလား"
"ဗျာ"
"မင်းကို အဲ့ဒီကောင်က ဖို့ကို ဘယ်လောက်ချစ်လဲ အလိုလိုက်လဲ လို့မေး လားလို့"
"BOSSပဲ စုံစမ်းခိုင်းလို့ ကျွန်တော်က သိရသလောက် အကုန်ပြောပြနေတာလေ"
"မကြားချင်ဘူး"
Winnyတစ်ယောက် ဒီBossတစ်ယောက်နဲ့တော့ တိုင်ပတ်နေပါပြီ သူစုံစမ်းခိုင်းလို့လဲပြောပြရသေးတယ် အဆူလဲ ခံရတယ် ဘယ်လိုbossလဲ ဖို့ကို ပြန်မရပါစေနဲ့ဗျာ
Winny စိတ်ထဲကနေပဲ ပြောလိုက်တယ် အပြင်မှာတော့ မပြောရဲဘူးဗျ ကျွန်တော် အလုပ်ပြုတ်သွားမှာစိုးလို့Gemတစ်ယောက် Winny ပြောတာတွေကြားပြီး သူဖို့ကိုအပိုင်ရဖို့ ချထားတဲ့ planတွေကို အမြန်အကောင်အထည်ဖော်ဖို့ စဉ်းစားနေရပြီ
"မင်းက ငါ့အပိုင်ပဲ ဖြစ်ရမှာ ဖို့"
[ နည်းနည်းလောက်တော့ စိတ်ချမ်းသာအောင် ပေါက်ကရလေးတွေထည့်ရေးပေးလိုက်တယ် နောက်အပိုင်းကျ မုန်တိုင်းလာမှာမို့55555 ]

YOU ARE READING
SHADOW
Short Storygemfot fic လေးတစ်ပုဒ်ရေးချင်လို့ အရှည်ကြီးမရေးနိုင်လို့ short storyလေးပဲရေးမှာပါ